၂၀၂၄ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပဖြေဆိုလျက်ရှိ
Apr 05,2024
ဗုဒ္ဓသာသနာတော်ထွန်းကားပြန့်ပွားရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် သာသနာရေးဦးစီးဌာနမှ မြန်မာနိုင်ငံတစ်ဝန်းလုံး၌ နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိသည့် အစိုးရပါဠိ ပထမပြန်စာမေးပွဲအား စာစစ်ဌာနအသီးသီးတွင် ကျင်းပဖြေဆိုလျက်ရှိရာ ၂၀၂၄ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲအား ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်မှ စတင်ပြီး ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ မြို့လယ်သာသနာ့ ဗိမာန်တော်ကြီး စာစစ်ဌာန၌ ကျင်းပဖြေဆိုလျက်ရှိကြောင်း သိရသည်။