မချမ်းဘောမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်း မ၌ Computer ပန်းချီပြိုင်ပွဲကျင်းပ

မချမ်းဘော ဧပြီ ၃

ကချင်ပြည်နယ် ၊ပူတာအိုခရိုင်၊မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ငယ်စဥ်မှစ၍ ကွန်ပျူတာကို ကိုင်တွယ်အသုံး ပြုတတ်စေရန်၊ ခေတ်မီပညာရပ်များကို သင်ယူလေ့လာနိုင်စေရန်ရည်ရွယ်၍ Computer ပန်းချီပြိုင်ပွဲကို ယနေ့နံနက် ၁၁နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။ 

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်နီနီလွင်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ပြောကြားပြီး ပြိုင်ပွဲအကဲဖြတ်ပေးသူ AAMoN ကွန်ပျူတာသင်တန်းမှ ဒေါ်အေးမွန်က ပြိုင်ပွဲတွင်လိုက်နာရမည့် စည်းကမ်းများ၊  ပန်းချီဆွဲရာတွင် အသုံးပြုရမည့် Tools များကို စနစ်တကျ အသုံးပြုကြရန်တို့ကို ရှင်းလင်းပြောကြားသည်။

ပြိုင်ပွဲကိုဆက်လက်ကျင်းပရာ ကျောင်းသားကျောင်းသူ ၁၂တို့က တစ်သုတ်လျှင် ၆ဦးနှုန်းဖြင့် နှစ်သုတ်ခွဲ၍ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို ဦးစီးအရာရှိနှင့် AAMON ကွန်ပျူတာ သင်တန်းမှ သင်တန်းဆရာမတို့က အမှတ်တရ ဆုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ယောရွှေနီ (မချမ်းဘော)