သတင်းများ

သံတောင်ကြီးဒေသထွက် ပျားရည်များ ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိ
Apr 03,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသမှထွက်ရှိသည် သဘာဝပျားရည်များသည် ဆေးဖက်ဝင်ပြီး လူကြိုက်များခြင်း၊ သဘာဝပျားရည်စစ်စစ်ကိုသာ ထုတ်လုပ်ရောင်းချခြင်းတို့အတွက် ယခုအချိန်တွင် သံတောင်ကြီးဒေသထွက် ပျားရည်များ ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိနေကြောင်း သိရသည်။
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ပြည်နယ်မီးသတ်ဦးစီးဌာန၏ Command and Control Center - C3 ဖွင့်ပွဲအခမ်းအနား တက်ရောက်
Apr 03,2024
မွန်ပြည်နယ်မီးသတ်ဦးစီးဌာန၏ Command and Control Center – C3 ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်မီးသတ်ဦးစီးဌာန၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။
မိတ္ထီလာမြို့၌ ၂ဝ၂၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပရန် ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ကျင်းပမည့်နေရာများ ပြင်ဆင်ဆောက်လုပ်
Apr 03,2024
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ၂ဝ၂၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက နန်းတော်ကုန်းရပ်ကွက် မိတ္ထီလာကန် ကန်ပတ်လမ်းအနီးတွင် စတင်ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Apr 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၄ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းကို မတ်လ ၅ ရက်နေ့က မြို့နယ်အားကစားခန်းမနှင့်အားကစားကွင်းတွင် စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်က သင်တန်းဆင်းပွဲအခမ်းအနားကို မြို့နယ်အားကစားခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရုံး၌ ပြည်သူ့စစ်မှုထမ်းဥပဒေအား ထပ်မံရှင်းလင်းဆွေးနွေးပွဲကျင်းပ
Apr 03,2024
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရုံး Banquet Room ၌ ဧပြီလ ၂ ရက်နေ့၊ နံနက် ၉နာရီခွဲအချိန်က ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုအား ပြည်သူ့စစ်မှုထမ်းဥပဒေ ထပ်မံရှင်းလင်း‌ဆွေးနွေးပွဲကို ကျင်းပခဲ့‌ကြောင်းသိရသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၊ မခွာလယ်ကျေးရွာ၌ ပိုးဇာသီးများစိုက်ပျိုးဖြစ်ထွန်း
Apr 03,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၊ မခွာလယ်ကျေးရွာတွင် ပိုးဇာသီးစိုက်ပျိုးဖြစ်ထွန်းမှုကြောင့် မိသားစုအပိုဝင်ငွေများရရှိကြောင်းသိရသည်။
ငရုတ်ကောင်းမြို့၊ နံ့သာပုကျေးရွာအုပ်စုတွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲပြုလုပ်
Apr 03,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ နံ့သာပုကျေးရွာအုပ်စုတွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများနှင့် ပတ်သက်၍ပြည်သူများ အကျယ်တဝင့် သိရှိနိုင်စေရန် အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀  နာရီက နံ့သာပုကျေးရွာအုပ်စု၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင်ကျင်းပပြုလုပ်ခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အခြေခံစာတတ်မြောက်ရေးလုပ်ငန်း တိုင်းဒေသကြီးအဆင့် လုပ်ငန်းကြီးကြပ်မှုကော်မတီအစည်းအဝေးသို့တက်ရောက်
Apr 03,2024
၂၀၂၄ ခုနှစ်၊ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း တိုင်းဒေသကြီးအဆင့် လုပ်ငန်းကြီးကြပ်မှုကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။