သတင်းများ

ကဝမြို့တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန် ရေသဘင်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Apr 03,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ရေသဘင်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်
Apr 03,2024
နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် နေပြည်တော်ပညာရေးမှူးရုံးတို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နေပြည်တော်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
ဖြူးမြို့နယ်၊ တံခွန်တိုင်ကျေးရွာတွင် မြစိမ်း​​ရောင်စီမံကိန်း စတုတ္ထအကြိမ် ချေးငွေထုတ်ချေး
Apr 03,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ တခွန်တိုင်ကျေးရွာအုပ်စု၊​ တံခွန်တိုင်ကျေးရွာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ မြစိမ်းရောင်စီမံကိန်းချေးငွေ စတုတ္ထအကြိမ် အသင်းသား (၁၂၀) ဦးအတွက် ချေးငွေကျပ် (၃၈၅.၂) သိန်း ထုတ်ချေးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကွန်ဟိန်းမြို့၊ မေတ္တာမွန်မူလတန်းကြိုကျောင်း၌ နယ်လှည့်စာကြည့်တိုက်နှင့် ဟောပြောပွဲဆောင်ရွက်
Apr 03,2024
ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၊ အမှတ် (၄) ရပ်ကွက်၊ မေတ္တာမွန်မူလတန်းကြိုကျောင်း၌ နယ်လှည့်စာကြည့်တိုက်နှင့်ဟောပြောပွဲအား ယနေ့ နံနက် (၁၀) နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဥတ္တရသီရိမြို့နယ်၌ စိုက်ပျိုးရေးတောင်သူများ Mobile Phone အသုံးပြု၍ စိုက်ပျိုးနည်းပညာနှင့် ဈေးကွက်သတင်းအချက်အလက်များ ရယူသုံးစွဲနိုင်ရေးသင်တန်း ကျင်းပ
Apr 03,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် စိုက်ပျိုးရေးတောင်သူများ Mobile Phone အသုံးပြု၍ စိုက်ပျိုးရေးနည်းပညာနှင့် ဈေးကွက်သတင်းအချက်အလက်များ ရယူသုံးစွဲနိုင်ရေး Mobile Phone အသုံးပြုနည်းသင်တန်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါရုံး အစည်းအဝေးခန်းမတွင် ဖွင့်လှစ်သင်​ကြားခဲ့သည်။
စလင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် ဝါသီးနှံအထွက်တိုးရေး စိုက်ပျိုးထုတ်လုပ်မည့် တောင်သူများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲ ကျင်းပ
Apr 03,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုဝန်ကြီး ဦးမြင့်စိုးနှင့်  သက်ဆိုင်ရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်း/ခရိုင် ဌာနဆိုင်ရာအကြီးအကဲများပါဝင်သော အဖွဲ့သည်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ပတ္တမြားအစည်းအဝေးခန်းမဆောင်တွင် ယနေ့နံနက် (၁၀)နာရီ ၃၀ မိနစ်အချိန်က  မြို့နယ်အတွင်းရှိ  ဝါအထွက်တိုးရေး စိုက်ပျိုးထုတ်လုပ်မည့်တောင်သူများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးပွဲ  ကျင်းပခဲ့ကြောင်း  သိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် စာအုပ်စာစောင်များ ပုံမှန်ငှားရမ်းပေးလျက်ရှိ
Apr 03,2024
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် နံနက်(၉)နာရီခွဲမှ ညနေ(၄)နာရီခွဲအထိ နေစဥ်စာအုပ်၊ စာစောင်များ ငှားရမ်းပေးလျက်ရှိရာ  သုတ၊ ရသစာစောင်များ၊ ရုပ်ပြစာစောင်များအား ဒေသခံပြည်သူများနှင့်  ကျောင်းသား/ကျောင်းသူများကို နွေရာသီပိတ်ရက်များတွင် အချိန်ကို အကျိုးရှိရှိ အသုံးပြုတက်စေရန် စာကြည့်တိုက်တွင်း ဖတ်ရှုခြင်း(သို့မဟုတ်) စာအုပ်စာစောင်များ လာရောက်ငှားရမ်း ဖတ်ရှုလျက်ရှိကြောင်း သိရသည်။
မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်
Apr 03,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ (၁) နာရီအချိန်က စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကို  ဆောင်ရွက်ခဲ့သည်။