ဖျာပုံမြို့၌ နွေရာသီအခြေခံအားကစားနည်း (၇)မျိုး သင်တန်းဆင်းပွဲကျင်းပ
Apr 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်အားကစားဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သော နွေရာသီအခြေခံအားကစားနည်း(၇)မျိုးသင်တန်းဆင်းပွဲ အခမ်းအနားကို ဧပြီလ ၃ ရက်နေ့ နံနက် (၉) နာရီအချိန်က ဖျာပုံမြို့ပြည်သူ့အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။