သတင်းများ

မင်းလှမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြော
Apr 03,2024
‌ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ‌မင်းလှမြို့နယ်တွင် အမှတ် (၂) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စိတ် (သာယာဝတီ)မှဦးဆောင် ၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယနေ့နံနက် ၁၀ နာရီချိန်က ပြုလုပ်ခဲ့သည်။
မိုးညှင်းမြို့၌ အစိုးရပါဠိ ပထမပြန်စာမေးပွဲ စာအောင် သံဃာ/သီလရှင်နှင့် လူပုဂ္ဂိုလ်များ ဆုနှင်းသဘင်အခမ်းအနား ကျင်းပ
Apr 03,2024
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မြို့နယ်သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရပါဠိ ပထမပြန်စာမေးပွဲ စာအောင် သံဃာ/သီလရှင်နှင့် လူပုဂ္ဂိုလ်များ ဆုနှင်းသဘင် အခမ်းအနားကို ဧပြီလ (၂)ရက် ညနေ(၃)နာရီက ဥတ္တရာ ရာမကျောင်းတိုက်၌ကျင်းပခဲ့ကြောင်းသိရသည်။
သဲကုန်းမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေးဆိုင်ရာ တောင်သူအသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Apr 03,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ အသိပညာပေးဆွေးနွေးပွဲကို သက်ဆိုင်ရာဌာနများပူးပေါင်း၍ ယမန်နေ့က ထန်းရင်းရပ်ကွက်၊ ​ရွှေတောင်ကုန်းဓမ္မာရုံတွင် အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့ အမှတ်(၉)ရပ်ကွက် တိလင်ပရိယတ္တိစာသင်တိုက်၌ ကွန်ပျူတာသင်တန်းအခမဲ့သင်​ကြားဖွင့်လှစ်
Apr 03,2024
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့ အမှတ် (၉) ရပ်ကွက် တိလင်ပရိယတ္တိစာသင်တိုက် ရာပြည့်ဓါတ်ပုံပြခန်း (ကွန်ပျူတာ) သင်တန်းကျောင်းတွင် တိလင်ပရဟိတဖောင်ဒေးရှင်းက ကြီးမှူး၍ (ပထမ) အကြိမ် ကွန်ပျူတာသင်တန်းကို ယနေ့နံနက်(၇)နာရီအချိန်က စတင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
တံတားဦးမြို့နယ်တွင် ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာသူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်
Apr 03,2024
တံတားဦးခရိုင် တံတားဦးမြို့နယ် ဘလဲ့ဘကျေးရွာတွင် ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာသူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို ယနေ့နံနက်(၁၀)နာရီက အဆိုပါရွာရှိ လောကမုနိ ဆုတောင်းပြည့်ဓမ္မာရုံတွင် ပြုလုပ်သည်။
မြို့နယ်မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄)ကျင်းပ
Apr 03,2024
မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးအပါအဝင် ထုတ်လုပ်မှုလျှော့ချရေးနှင့် အစားထိုးဖွံ့ဖြိုးရေး၊ သုံးစွဲမှုလျော့ချရေးနှင့် နောက်ဆက်တွဲအန္တရာယ်လျော့ချရေးအတွက် မော်လိုက်မြို့၌ မြို့နယ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ကဝမြို့တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန် ရေသဘင်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Apr 03,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ရေသဘင်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်
Apr 03,2024
နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် နေပြည်တော်ပညာရေးမှူးရုံးတို့ ပူးပေါင်းဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နေပြည်တော်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။