နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၊ မခွာလယ်ကျေးရွာ၌ ပိုးဇာသီးများစိုက်ပျိုးဖြစ်ထွန်း

ထန်ပါခွေ ဧပြီ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၊ မခွာလယ်ကျေးရွာတွင် ပိုးဇာသီးစိုက်ပျိုးဖြစ်ထွန်းမှုကြောင့် မိသားစုအပိုဝင်ငွေများရရှိကြောင်းသိရသည်။

မခွာလယ်ကျေးရွာအတွင်း နေထိုင်ကြ သောတောင်သူများသည် စိုက်ပျိုးရေး အဆင်ပြေသည့်အတွက် မက်မန်းချို၊လိ​မ္မော်သီး၊ ထောပတ်၊ပိုးဇာသီး၊ စသည့်သီးနှံများစိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းပြီး မိသားစုအပိုဝင်ငွေရရှိကာ လုပ်ငန်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ယခုနှစ်တွင် ပိုးဇာသီးနှံစိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းပြီး ရောင်းချရာတွင် တစ်ဗူးလျှင် (ကျပ် ၁၀၀၀ မှ ၁၅၀၀ထိ)၊ ရရှိကာမိသားစုအပိုဝင်ငွေရရှိလို့ အဆင်ပြေပါတယ်ဟု ထန်ပါခွေမြို့နယ်၊ မခွာလယ်ကျေးရွာနေ တောင်သူ ဦးကြူစစ်မူကပြောသည်။

အလန် ( ထန်ပါခွေ)