Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
မြစ်ကြီးနားမြို့၊ မော်ဖောင်းနယ်မြေ (၈) ခေတ်မီစံပြကျေးရွာ စာကြည့်တိုက်အတွက် သုတ/ရသ စာအုပ်စာစောင်အသစ်များ လှူဒါန်းပေးအပ်ပွဲကျင်းပ
Apr 02,2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မော်ဖောင်းကျေးရွာရှိ မော်ဖောင်းနယ်မြေ (၈) ခေတ်မီစံပြကျေးရွာ စာကြည့်တိုက်အတွက် သုတ/ရသ စာအုပ်စာစောင်အသစ်များ လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ ၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးနု၏ မူရင်းဓာတ်ပုံကို သကျမဟာသီရိဘုရားကြီး အရုဏ်ခံဝတ်အသင်း ဂေါပကအဖွဲ့ထံလှူဒါန်း
Apr 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့၊ ဗုဒ္ဓမြတ်စွယ်တော် မူလဒါယကာဖြစ်သော ဝါးခယ်မနွယ်ဖွား နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်းဦးနု၏ မူရင်းဓာတ်ပုံကို သမီးဖြစ်သူ ဆရာမကြီး ဒေါ်သန်းသန်းနုက သကျမဟာသီရိဘုရားကြီး အရုဏ်ခံတန်ဆောင်းတော်အတွင်းရှိ စွယ်တော်တိုက်တွင် ချိတ်ဆွဲထားရှိနိုင်ရန်အတွက် ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်သာသနာရေးမှူးက လက်ခံရယူခဲ့ပြီး ဝါးခယ်မမြို့ အရုဏ်ခံဝတ်အသင်း ဂေါပကအဖွဲ့ထံ လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်တွင် ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ကျန်းမာရေးပုံမှန် စောင့်ရှောက်မှုများပေး
Apr 02,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ကျန်းမာရေးကြည့်ရှုစစ်ဆေးပေးခြင်းများကို ယမန်နေ့နံနက် (၉)နာရီက မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းနည်းပြသင်တန်း ဖွင့်ပွဲတက်ရောက်
Apr 02,2024
ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင် ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးပညာရေးမှူးနှင့် သင်တန်းသား ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ်အတွင်းရှိ ဒေသခံများ ရာသီစာပဲညှောင့်ရှာဖွေရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
Apr 02,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးရွာအချို့တွင် သဘာဝအလျောက်ပေါက်ရောက်ကြတဲ့ သစ်ဥ၊ သစ်ဖု၊ အသီးအရွက်များဖြစ်တဲ့ ကြောင်လျှာသီး၊ မကျည်းရွက်၊ ကုက္ကိုရွက်၊ ပေါက်ပန်းဖြူ၊ ပေါက်ပန်းနီ၊ ပေါက်ပွင့် စသည့် ရာသီစာသီးနှံများ ခူးယူရောင်းချနေကြသလို မိုးကြိုကာလတွင် ရှာဖွေတွေ့ရှိသည့် ပဲညှောင့်များရောင်းချခြင်းဖြင့် ဒေသနေပြည်သူများမှာ အပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါးသိုင်းချောင်းတွင် ကလေးအသက်(၂)လမှ (၁)နှစ်ခွဲအထိပုံမှန်ကလေး ကာကွယ်ဆေးထိုးနှံ
Apr 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေး ဌာနတွင် အသက်(၂)လမှ (၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကလေး ကာကွယ်ဆေး ထိုးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က စတင်ထိုးနှံပေးခဲ့ကြောင်း သိရှိရပါသည်။
အပြည့်အစုံ ဖတ်ရန်
ပျဉ်းမနားမြို့နယ် မီးသတ်ဦးစီးဌာနမှ သောက်သုံးရေရှားပါးသည့် ရပ်ကွက်/ကျေးရွာများသို့ သောက်သုံးရေလှူဒါန်း
Apr 02,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် မီးသတ်ဦးစီးဌာနမှ မြင်းကျကန်ရပ်ကွက်၌ ယနေ့နံနက်ပိုင်းက သောက်သုံးရေများ သွားရောက်လှူဒါန်းသည်။
အပြည့်အစုံ ဖတ်ရန်
မိုးကောင်းမြို့၌ ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင့်ခဲ့သော သံဃာတော်များနှင့် သီလရှင်များအား အောင်လက်မှတ်နှင့် စာအောင်ဆုငွေ ဆက်ကပ်လှူဒါန်း
Apr 02,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင့်ခဲ့သော သံဃာတော်များနှင့် သီလရှင်များအား အောင်လက်မှတ်နှင့် စာအောင်ဆုငွေ ဆက်ကပ်လှူဒါန်းပွဲကို မဟာတိလောကရာမစာသင်တိုက် လေးထပ်ကျောင်းဆောင်၌ ဧပြီ(၁)ရက် နေ့လယ်(၁)နာရီတွင် ကျင်းပခဲ့ရာ မြို့နယ်သံဃာနာယကဥက္ကဋ္ဌဆရာတော် အမှူးပြုသော ဆရာတော် သံဃာတော်များ၊ စာအောင်သံဃာနှင့် သီလရှင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့ပေါ်ရပ်ကွက်မှ ဝတ်ရွတ်အသင်းများ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
5343
Page
5344
Page
5345
Page
5346
Current page
5347
Page
5348
Page
5349
Page
5350
Page
5351
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department