နတ်မောက်မြို့နယ်အတွင်းရှိ ဒေသခံများ ရာသီစာပဲညှောင့်ရှာဖွေရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

နတ်မောက် ဧပြီ ၂

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးရွာအချို့တွင် သဘာဝအလျောက်ပေါက်ရောက်ကြတဲ့  သစ်ဥ၊ သစ်ဖု၊ အသီးအရွက်များဖြစ်တဲ့ ကြောင်လျှာသီး၊ မကျည်းရွက်၊  ကုက္ကိုရွက်၊  ပေါက်ပန်းဖြူ၊ ပေါက်ပန်းနီ၊ ပေါက်ပွင့် စသည့် ရာသီစာသီးနှံများ ခူးယူရောင်းချနေကြသလို မိုးကြိုကာလတွင် ရှာဖွေတွေ့ရှိသည့် ပဲညှောင့်များရောင်းချခြင်းဖြင့်  ဒေသနေပြည်သူများမှာ အပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

တောင်သူများ မိုးဦးကာလနှင့် ဆောင်းရာသီကာလများတွင် စိုက်ပျိုးထားသော မြေပဲများသည်ရိတ်သိမ်းပြီးသော်လည်း ယာမြေထဲတွင် မြေပဲအချို့ကျန်ရှိပါတယ်၊ ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့ ညနေပိုင်းတွင်  မိုးကြိုမိုးရွာသွန်းခဲ့မှုကြောင့် ကျန်ရှိနေတဲ့မြေပဲများဟာ သဘာဝအလျှောက် အညှောင့်များထွက်ရှိလာပါတယ်၊ ထွက်ရှိလာတဲ့ ပဲညှောင့်များကို ရှာဖွေကြပြီး မြို့မဈေးကို ရောင်းချကြပါတယ်၊ ပေါ်ဦးပေါ်ဖျားပဲညှောင့်များကို ဝယ်ယူစားသုံးသူတွေကလည်း ကြိုက်နှစ်ကြပါတယ်၊ ပဲညှောင့်ကို မန်ကျည်းရွက်နဲ့ ရောနှောချက်ပြုတ်ကြသလို သီးသန့်လည်းချက်ပြုတ်စားကြပါတယ်၊ ဒေသခံများအနေဖြင့် မိုးရွာသွန်းပြီဆိုတာနဲ့ မြေပဲများ စိုက်ပျိုးထားသည့် ယာခင်းများထဲသို့ သွားရောက်၍ ပဲညှောင့်များရှာဖွေကြပြီး ရှာဖွေစုဆောင်းရရှိတဲ့ ပဲညှောင့်များကို တစ်ဆယ်ကျပ်သား ၅၀၀ ကျပ်နဲ့ မြို့မဈေးကို လာရောက်ရောင်းချပါတယ်”ဟု ရောင်းချသူတစ်ဦးထံက သိရသည်။

လှဝင်း