သတင်းများ

မိုင်းတုံမြို့ ဦးအောင်ဇေယျာဘုန်းကြီးကျောင်း၌ နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Apr 02,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ဦးအောင်ဇေယျာဘုန်းကြီးကျောင်း၌ မိုင်းတုံမြို့နယ် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး‌ကော်မတီဥက္ကဋ္ဌ ဒေါ်ဝင်းဝင်း ဦးဆောင်၍ နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီအချိန်က ဖွင့်လှစ်ခဲ့သည် ။
လိပ်သိုဒေသ မရမ်းသီးထွက်ရှိရာ ကျေးရွာအချို့တွင် ဒေသခံများ မရမ်းသီးအခြောက် ပြုလုပ်ရောင်းချ
Apr 02,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ မရမ်းသီးထွက်ရှိရာ ကျေးရွာအချို့၌ ရာသီပေါ်ချိန် မရမ်းသီးများ လှိုင်လှိုင်ထွက်ရှိနေပြီး ပေါ်ဉီးစတွင် ဈေးကောင်းရရှိခဲ့သော်လည်း ယခုအခါ ဈေးနှုန်းများ ကျဆင်းလာသဖြင့် မရမ်းသီး စိုက်ပျိုးထားသူ ဒေသခံများက မရမ်းသီးများကို အသီးအတိုင်း မရောင်းချတော့ပဲ ထက်ခြမ်းခွဲ၍ အခြောက်လှန်းကာ ပြန်လည်ရောင်းချလာကြကြောင်း သိရသည်။
မိုင်းယောင်းမြို့တွင် တရားမဝင်ကုန်ပစ္စည်းများ တားဆီးဖမ်းဆီးနိုင်ရေး ရှောင်တခင်စစ်ဆေးခြင်း ဆောင်ရွက်
Apr 02,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် တရားမဝင်ကုန်ပစ္စည်းများ တားဆီးဖမ်းဆီးနိုင်ရေး ရှောင်တခင်စစ်ဆေးခြင်းကို ယမန်နေ့က မြို့နယ်တရားမဝင်ကုန်ပစ္စည်းများ တားဆီးရေးအဖွဲ့က မိုင်းယောင်း-မိုင်းယုသွား လမ်းမပေါ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့၌ ရွှေတီဂုံပုံတူ အနှိုင်းမဲ့ဆုပန်ပြည့် စေတီတော်မြတ်ကြီ၏ (၁၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပမည်
Apr 02,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့  အမှတ်(၂)ရပ်ကွက်တွင် တည်ထားကိုးကွယ်တော်မူသော ရွှေတီဂုံပုံတူ အနှိုင်းမဲ့ဆုပန်ပြည့် စေတီတော်မြတ်ကြီး၏(၁၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ဧပြီလ ပထမအပတ်တွင် ကျင်းပမည် ဖြစ်ကြောင်းသိရသည်
စစ်ကိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ ပုံတူပန်းချီ ပြိုင်ပွဲကျင်းပ
Apr 02,2024
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက် ကလေးငယ်များအား ဖိတ်ခေါ်၍ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်/လူရွယ်လေးများ ဖြစ်လာစေရန်၊ အချိန်ကိုအကျိုးရှိစွားအသုံးချတတ်စေရန်ရယ်ရွယ်ကာ အခြေခံပန်းချီသင်တန်းဖွင့်လှစ်ပေးခဲ့ပြီး ပုံတူပန်းချီပြိုင်ပွဲကို ယနေ့နံနက်(၇)နာရီခွဲက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
နတ်မောက်မြို့နယ်၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား လစဉ်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေး
Apr 02,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ ကလေးငယ်များ ရောဂါကင်းရှင်းပြီး ကျန်းမာပျော်ရွှင်စွာ နေနိုင်ရေးအတွက် နတ်မောက်မြို့နယ် ကျေးရွာများရှိ ကလေးငယ်များအား မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များကို လစဉ်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရုံးခန်းအတွင်း ဆောင်ရွက်ပေးခဲ့သည်။
မလှိုင်မြို့နယ်၌ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာန ရုံးဆိုင်ဘုတ်အသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
Apr 02,2024
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်မြေစာရင်းဦးစီးဌာနရုံးရှေ့တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာန ရုံးဆိုင်ဘုတ် အသစ်တင် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီခွဲအချိန်က မလှိုင်- မိတ္ထီလာသွား ကားလမ်းမဘေးရှိ အဆိုပါရုံးရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့နယ်တွင် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန အမည်ဆိုင်းဘုတ်တင်ခြင်း အခမ်းအနားကျင်းပ
Apr 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအမည်အား မူလအမည်ဖြစ်သော ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန အမည်သို့ ပြောင်းလဲ၍ ဆိုင်းဘုတ်တင်ခြင်းကို ​ ယမန်နေ့နံနက်ပိုင်းက အဆိုပါရုံးတွင်ကျင်းပပြုလုပ်သည်။