မြစ်ကြီးနား ဧပြီ ၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မော်ဖောင်းကျေးရွာရှိ မော်ဖောင်းနယ်မြေ (၈) ခေတ်မီစံပြကျေးရွာ စာကြည့်တိုက်အတွက် သုတ/ရသ စာအုပ်စာစောင်အသစ်များ လှူဒါန်းပေးအပ်ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ ၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပသည်။
ရှေးဦးစွာ ကချင်ပြည်နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထက်က အဖွင့်အမှာစကားပြောကြားပြီး၊ ကချင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ စာရေးဆရာအကြီးကိုကို(ကသာ)က စာအုပ်စာစောင်များ လှူဒါန်းရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။
ထို့နောက် မော်ဖောင်းနယ်မြေ (၈) ခေတ်မီ စံပြကျေးရွာ စာကြည့်တိုက်အတွက် စာရေးဆရာ အကြီးကိုကို(ကသာ)က စုစုပေါင်းတန်ဖိုးငွေ (၅) သိန်းကျပ်ရှိ သုတရသစာအုပ် စာစောင် အသစ်များ လှူဒါန်းပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး မြစ်ကြီးနားခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွန်းဝင်း က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ခရိုင်(ပြန်/ဆက်)