ပျဉ်းမနားမြို့နယ် မီးသတ်ဦးစီးဌာနမှ သောက်သုံးရေရှားပါးသည့် ရပ်ကွက်/ကျေးရွာများသို့ သောက်သုံးရေလှူဒါန်း

ပျဉ်းမနား ဧပြီ ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် မီးသတ်ဦးစီးဌာနမှ မြင်းကျကန်ရပ်ကွက်၌ ယနေ့နံနက်ပိုင်းက သောက်သုံးရေများ သွားရောက်လှူဒါန်းသည်။

လှူဒါန်းပေးရာတွင် ပျဉ်းမနားမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သူရကျော်နှင့် တပ်ဖွဲ့ဝင်များက သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသည့် မြင်းကျကန်ရပ်ကွက်မှ ပြည်သူများအား သောက်သုံးရေဖူလုံစွာသုံးစွဲနိုင်ရေးအတွက် ရေသယ်ယာဉ်များဖြင့် ရေဂါလန် ၁၂၀၀ ကို အိမ်ထောင်စုအလိုက် စနစ်တကျ ဖြန့်ဝေပေးခဲ့‌ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)