သတင်းများ

ပွင့်ဖြူမြို့နယ် ပေပင်ကျေးရွာရှိ အသက် (၇၅) နှစ်အရွယ် သက်ကြီးဘိုးဘွားအတွက် နေအိမ်ပြုပြင် ဆောက်လုပ်ရန် အလှူငွေလှူဒါန်း
Apr 22,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျွဲတံခါးကျေးရွာအုပ်စု၊ ပေပင်ကျေးရွာမှ အသက် (၇၅) နှစ်အရွယ် သက်ကြီးဘိုးဘွားအတွက် စိတ်အေးချမ်းစွာ နေထိုင်နိုင်ရေး နေအိမ်ပြန်လည်ဆောက်လုပ်ရန် အလှူငွေထောက်ပံ့လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာ တစ်ကိုယ်တော်ပရဟိတအကျိုးတော်ဆောင် ဦးကျော်ဆန်းနှင့် ရပ်မိရပ်ဖများက အလှူရှင်ကိုယ်စား သွားရောက် ထောက်ပံ့လှူဒါန်းပေးသည်။
ညောင်ဦးမြို့နယ်အတွင်း ဝေမျှခြင်း ပရဟိတမိသားစုမှ ညောင်လှကျေးရွာနှင့်တာလမ်း ကန်တဲတိုက်သို့ သောက်သုံးရေလှူဒါန်း
Apr 22,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်သော ကျေးရွာများသို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလှူဒါန်းပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲအချိန်က ညောင်လှကျေးရွာနှင့် တာလမ်းကန်တဲတိုက်သို့ သောက်သုံးရေသွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ပလင်းကမ်းသာယာဆင်းစခန်းသို့ သင်္ကြန်ကာလအတွင်း ဆင်ချစ်သူခရီးသွား ၄၀၀၀ ဦးခန့် ဝင်ရောက်
Apr 22,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အနောက်ပလင်းကျေးရွာ၊ ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းသို့ သင်္ကြန်တွင်း ရုံးပိတ်ရက်အတွင်း ခရီးသွားဆင်ချစ်သူ ၄၀၀၀ ဦးခန့်ဝင်ရောက်ခဲ့ကြောင်း ပလင်းကမ်းသာယာဆင်စခန်း တာဝန်ရှိသူများထံက သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အောင်ဗောဓိဆုတောင်းပြည့်စေတီတော်တွင် ဥပ္ပါတသန္တိကျမ်း ရွတ်ဖတ်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပ
Apr 22,2024
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ၂၀၂၄-ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ မေလ(၅)ရက်နေ့အထိ (၁၂၆) ရက်တိုင်တိုင် ဥပ္ပါတသန္တိကျမ်း ရွတ်ဖတ်ပူဇော်ပွဲအား မြို့နယ်များအလိုက် အလှည့်ကျ ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့နံနက် (၅) နာရီ ၃၀ မိနစ်အချိန်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အောင်‌ဗောဓိဆုတောင်းပြည့် စေတီတော်မြတ်ကြီးတွင် ဥပ္ပါတသန္တိကျမ်း ရွတ်ဖတ်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် လူရည်ချွန်စုရပ်စခန်း (အ.ထ.က-၁၆)တွင်  ရောက်ရှိနေသည့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား နှုတ်ဆက်အားပေး
Apr 22,2024
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ဧပြီလ၂၁ရက် နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ လူရည်ချွန်စုရပ်စခန်း (အမှတ်၁၆၊ အခြေခံပညာအထက်တန်းကျောင်း)သို့ သွားရောက်ပြီး ကချင်ပြည်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းမှ ရောက်ရှိနေသည့် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများအား ရင်းနှီးနွေးထွေးစွာ တွေ့ဆုံခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စု၊ ဇလောင်းကျေးရွာတွင် တောင်သူများနှင့် တွေ့ဆုံ
Apr 21,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စု၊ ဇလောင်း ကျေးရွာအနီး ပျဉ်းမနား-တောင်ညိုလမ်းဘေး ကွင်းအမှတ် (၁၈၈၁) တောင်သူ ဦးထွန်းဝေ၏ နွေစပါးစံပြစိုက်ကွင်းတွင် စိုက်ပျိုးရေးတောင်သူများနှင့် တွေ့ဆုံပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါစိုက်ခင်းအနီး ယာယီရှင်းလင်းဆောင်၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တောင်သူများ တက်ရောက်ကြသည်။
ကျောက်ဆည်မြို့နယ်တွင် သံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် စာရေးတံမဲဖောက် လောင်းလှူခြင်းပွဲအခမ်းအနားကျင်းပ
Apr 21,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အေးမြကြည်လင်ရပ်ကွက်၊ အောင်မင်္ဂလာဘုရားဝင်းတွင် ယမန်နေ့ နံနက် (၈)နာရီက ဆူးကုန်းရပ်ကွက် ဝိသုဒ္ဓါရာမ ပရိယတ္တိစာသင်တိုက်ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တကောဝိန္ဒာစာရ ဆရာတော်အမှူးပြု၍ ပင့်သံဃာ (၅၈)ပါးတို့အား ဆွမ်ဆန်စိမ်းနှင့် စာရေတံမဲဖောက်လောင်းလှူခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် အောင်တော်မူစေတီတော်ကြီး၏ ရွှေထီးတော် ဘုံအဆင့်ဆင့်တင်လှူပွဲကျင်းပ
Apr 21,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ် နေမိန္ဓရကုန်းတော်မြတ်ပေါ်တွင် တည်ထားတော်မူလျက်ရှိသော ဉာဏ်တော် ၁၀၈ ပေ အမြင့်ရှိသည့် အရဟံဇိနအောင်တော်မူစေတီတော်ကြီး၏ ရွှေထီးတော် ဘုံအဆင့်ဆင့် တင်လှူပူဇော်ပွဲကြီးကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။