ငါးသိုင်းချောင်းတွင် ကလေးအသက်(၂)လမှ (၁)နှစ်ခွဲအထိပုံမှန်ကလေး ကာကွယ်ဆေးထိုးနှံ

ငါးသိုင်းချောင်း     ဧပြီ   

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေး ဌာနတွင် အသက်(၂)လမှ (၁)နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကလေး ကာကွယ်ဆေး ထိုးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က စတင်ထိုးနှံပေးခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက အသက်(၂) လမှ (၁)နှစ်ခွဲအထိ ကလေးငယ်များအား ဘီစီဂျီ၊ ပိုလီယို၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှော(ရိုတာ)၊ (ဘီ)-ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး) အစရှိသည်တို့ကို ပုံမှန်ဆေးတိုက်၊ ဆေးထိုးခြင်း ဆောင်ရွက်ခဲ့ကြကြောင်းနှင့် အဆိုပါလုပ်ငန်းများကို သတ်မှတ်ထားသည့် စုရပ်များအလိုက် လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ငါးသိုင်းချောင်း (ပြန်/ဆက်)