သတင်းများ

ရှမ်းရွာသစ်မြို့တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းဆောင်ရွက်
Apr 02,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင် ရှမ်းရွာသစ်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ အသက်နှစ်နှစ်အောက် ကလေးငယ်များ ကူးစက် ရောဂါတို့မှ ကင်းဝေးစေရန်နှင့် ကျန်းမာရေးကောင်းမွန်ပြီး ဉာဏ်ရည်ထက်မြက်စေရန် ရည်ရွယ်၍  ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့နံနက် (၉)နာရီအချိန်က ကျေးလက်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် ပြင်ဦးလွင်မြို့နယ် ကော်ဖီစီမံကိန်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
Apr 02,2024
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကော်ဖီစီမံကိန်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ယနေ့မွန်းလွဲပိုင်းက ကျင်းပရာ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်ဌာနများမှ တိုင်းဦးစီးမှူးများ၊ ပြင်ဦးလွင်ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်း ဖွင့်လှစ်
Apr 02,2024
၂ဝ၂၄ ခုနှစ်၊ မန္တလေးတိုင်းဒေသကြီး ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အောင်​မြေသာစံမြို့နယ်၊ ပြည်ကြီး ကျက်သရေအနောက်ရပ်ကွက်၊ ၈၂လမ်း၊ ၂၄×၂၅ လမ်းကြား၊ အမှတ် (၈)အခြေခံပညာအထက်တန်းကျောင်းရှိ ဧသီဒါခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ကွန်ဟိန်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်(ငွေတိုက်ခွဲ)အား မြို့နယ်ဘဏ်ခွဲအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခြင်းအခမ်းအနား တက်ရောက်ဖွင့်လှစ်
Apr 02,2024
ကွန်ဟိန်းမြို့နယ်အတွင်းရှိ ပြည်သူများအား ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုဆောင်ရွက်ပေးနိုင်ရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်(ငွေတိုက်ခွဲ)အား မြို့နယ်ဘဏ်ခွဲအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခန့်က ကွန်ဟိန်းမြို့၊ အမှတ်(၄)ရပ်ကွက်အတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် မျက်စိအထူးကုဆရာဝန်ကြီးများ ကွင်းဆင်းကုသ
Apr 02,2024
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအတွက်လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများကို လက်လှမ်းမီရရှိရေးနှင့် ပြည်သူများစိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ် လျော့နည်းကျဆင်းစေရန်ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်နှင့်အညီ မျက်စိ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက် ၉ နာရီအချိန်မှစတင်ကာ မျက်စိကုသမှုများဆက်လက် ကုသပေးလျက်ရှိကြောင်း သိရသည်။
စဉ့်ကူးမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မူလတန်းကြိုကျောင်း ကျောင်းဆင်းပွဲ အခမ်းအနား ကျင်းပ
Apr 02,2024
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့၌ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မူလတန်းကြိုကျောင်း ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ကျောင်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
မတ္တရာမြို့နယ်၌ စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
Apr 02,2024
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် ၂ဝ၂၃ခုနှစ် ပါဠိပထမပြန်စာမေးပွဲ၌ အောင်မြင်တော်မူကြသည့် စာအောင်သံဃာတော်များ အောင်လက်မှတ်များ ဆက်ကပ်သည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မတ္တရာမြို့နယ် အောင်မြေသုခကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
သပိတ်ကျင်းမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့်၊ စာသင်ကျောင်း(၁)ကျောင်း၊ စေတီတစ်ဆူနှင့်လူနေအိမ်(၆၈)လုံး ပျက်စီးဆုံးရှုံး
Apr 02,2024
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်း မတ်လ(၃၁)ရက်ညနေ(၄)နာရီအချိန်က လေပြင်းတိုက်ခတ်မှုကြောင့် သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာမှ စာသင်ကျောင်း၊ ဘုရားစေတီတစ်ဆူနှင့်လူနေအိမ်( ၆၈)လုံး ပျက်စီးခဲ့ကြောင်း သိရသည်။