သတင်းများ

တောင်သာမြို့ အမှတ်(၁) ရပ်ကွက်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်ပြဘုတ်များပြသ
Apr 02,2024
တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်ပြဘုတ်များကို ယနေ့နံနက်(၁၀)နာရီ အချိန်က အမှတ်(၁) ရပ်ကွက် မူလတန်းကြိုကျောင်း၌ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
မြိတ်မြို့၌ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်း ဖွင့်လှစ်
Apr 02,2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် မြိတ်ခရိုင်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့်တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းကို ယနေ့နံနက်(၈)နာရီက အ.ထ.က(၁)မြိတ် ပညာ့ဗိမာန်ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
ဒေးဒရဲမြို့၌ ပြည်သူများ လျှပ်စစ်ဓာတ်အားများ စဉ်ဆက်မပြတ်ရရှိစေရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်
Apr 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများက ပြည်သူများ လျှပ်စစ်ဓာတ်အားများ စဥ်ဆက်မပြတ်ရရှိစေရေး၊ သဘာ၀ဘေးဒဏ်များကြောင့် ဓာတ်အားပြတ်တောက်မှုမရှိစေရန်ရည်ရွယ်၍ ပွင့်လင်းရာသီကာလတွင် ကြိုတင်ကာကွယ် စစ်ဆေးပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း ဖျာပုံ-ဒေးဒရဲ ကားလမ်းမတစ်လျောက်ရှိ (33KV)ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများအား ရှင်းလင်းလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အတွင်း ဘောင်ကြီးတင်စနစ်ဖြင့် နွေနှမ်းစိုက်ပျိုးနေမှုများကို ပဲခူးတိုင်းဒေသကြီးနှင့် ငါန်းဇွန်၊ တံတားဦးမြို့နယ် ဆီထွက်သီးနှံဇုံများမှ တောင်သူများလာရောက်လေ့လာ
Apr 02,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်သည် ဆည်မြောင်းချောင်းကန် ပေါများသည့်အတွက် ဆန်စပါးအပြင် ဆီထွက်သီးနှံမျိုးစုံ၊ ပဲမျိုးစုံသီးနှံများ မျှော်မှန်းအထွက်နှုန်း ရရှိရေး စီမံကိန်းများရေးဆွဲပြီး စိုက်ပျိုးလျက်ရှိကြောင်းနှင့် ဒေသတွင်းစားသုံးဆီဖူလုံပိုလျှံရေး နွေနှမ်းသီးနှံကို (၃၀၅၄၂) ဧက လျာထားပြီး စိုက်ပျိုးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကျားကာကျေးရွာအုပ်စု၊ ကွင်းအမှတ် (၂၇၂) တောင်သူဦးကျော်မြင့် စိုက်ပျိုးနေသည့် ဘောင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးထားသော နွေနှမ်းစိုက်ခင်းများအား ပဲခူးတိုင်းဒေသကြီးနှင့် ငါန်းဇွန်၊ တံတားဦးမြို့နယ် ဆီထွက်သီးနှံဇုံများမှ တောင်သူများလာရောက် လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
အမာမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး
Apr 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို အမာမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယနေ့နံနက်(၉)နာရီ အချိန်ကစတင် ထိုးနှံတိုက်‌ကျွေးပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့ နယ်အတွင်းရှိ ကျေးရွာများတွင် စွမ်းအားမြှင့် မီးဖိုများ အခမဲ့ဖြန့်ဝေပေးလျက်ရှိ
Apr 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျေးရွာလက်ဒေသများရှိ ပြည်သူများ လောင်စာထင်းသုံးစွဲမှုကို လျှော့ချခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်၊ တောင်သူလယ်သမားများနှင့် ကျေးလက်နေပြည်သူများအား ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပတ်သက်၍ အသိပညာပေးရန်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟုသုတများအား မြှင့်တင်ပေးရန်ရည်ရွယ်၍ မြို့နယ်စိုက်ပျိုရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများအား စွမ်းအားမြှင့်မီးဖိုများ အခမဲ့ဖြန့်ဝေးပေးလျက်ရှိကြောင်း သိရသည်။
ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် လူငယ်နှင့်ယဉ်ကျေးမှု အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်
Apr 02,2024
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီ အားလပ်ရက်များအတွင်း ကျောင်းသားလူငယ်များ အကျိုးရှိစေရန် လူငယ်နှင့် ယဉ်ကျေးမှု အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ယနေ့နံနက် ၉ နာရီက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
ဝိုင်းမော်မြို့နယ်၌ မဟာသင်္ကြန်ကာလ သက်ကြီးပူဇော်ပွဲအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Apr 02,2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ ဌာနဆိုင်ရာများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများသည် မဟာသင်္ကြန်ကာလ (နှစ်ဆန်းတစ်ရက်နေ့) သက်ကြီးပူဇော်ပွဲအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဆမားခန်းမ၌ ကျင်းပခဲ့သည်။