လယ်ဝေး ဧပြီ ၂
နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိရှိ အသုံးချနိုင်စေရန်၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန်၊ ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးစေရန်၊ မိမိကိုယ်ကို ခုခံကာကွယ်နိုင်စေရန်နှင့် ရိုးရာအားကစားနည်းများကို မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်စေရန် ရည်ရွယ်၍ အားကစားနှင့်ကာယပညာဦးစီးဌာနမှ လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် အားကစားကွင်းများတွင် မတ်လ ၁၉ ရက်မှစတင်၍ အားကစားနည်း ၇ မျိုးကို သင်တန်းဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။
အဆိုပါ နွေရာသီအားကစားသင်တန်းများအား အမှတ်(၃)ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်းတွင် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ခရစ်ကက်၊ အ.ထ.က(ကံသာ)တွင် ဘော်လီဘော၊ TC-2 တွင် ကြက်တောင်၊ ဇေယျထက်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် မြန်မာ့သိုင်း၊ Fitness Dance စသည့် ကစားနည်း ၇ မျိုးတွင် သင်တန်းသား၊ သင်တန်းသူ၂၃၀ ဦးအား သင်တန်းနည်းပြ ၁၄ ဦးက သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)