ဒဂုံမြို့နယ်တွင် အမှီလိုက်ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်

ဒဂုံ ဧပြီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် ဘုရားကြီးရပ်ကွက်တွင် ယမန်နေ့ နံနက် (၉:၀၀) နာရီက အသက်(၁)နှစ်မှ (၅)နှစ်အထိ Catch up immunization အမှီလိုက်ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့သည်။

အဆိုပါကာကွယ်ဆေးထိုးနှံမှုကို ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်ရုံးတွင် ပြုလုပ်ခဲ့ပြီး ကာကွယ်ဆေး ထိုးနှံသူကလေးငယ်များအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ Catch up immunization အမှီလိုက်ကာကွယ်ဆေးများကို စနစ်တကျထိုးနှံပေးခဲ့သည်။

ဆေးထိုးနှံရာတွင် ကလေးငယ်များ ကျန်းမာရေးပြဿနာ တစ်စုံတစ်ရာမဖြစ်ပေါ်စေရန်အတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး Dr.ရွှေပြည်နှင့်ဝန်ထမ်းများ၊ ကာကွယ်ဆေးထိုးအဖွဲ့တွင် ပါ၀င်ကူညီသော စတနာ့ဝန်ထမ်းများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဒဂုံမြို့နယ် (ပြန်/ဆက်)