လားရှိုး ဧပြီ ၂
လားရှိုးမြို့ရှိ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပွဲနှင့် အလှူငွေပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မဟာမြတ်မုနိဘုရားရင်ပြင်တော်တွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များက မြို့မကျောင်းဆရာတော်ထံမှ ငါးပါးသီလဆောက်တည်ခဲ့ကြပြီး မေတ္တာသုတ်ပရိတ်တရားတော်များ နာယူခဲ့ကြသည်။
ထို့နောက် မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်းနှင့် ဘုရားကြီးအား ပြုပြင်ထိန်းသိမ်းမှုနှင့်ပတ်သက်၍ ဂေါပကတစ်ဦးမှ ရှင်းလင်းပြောကြားသည်။
ယင်းနောက် အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းရာ တိုင်းမှူးနှင့်တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးအား ရွှေသင်္ကန်းများ ကပ်လှူခဲ့ကြကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)