သတင်းများ

စလင်းမြို့နယ်၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်
Apr 02,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြို့မစည်ပင်သာယာစျေးကြီး အတွင်း၊ အပြင် ရောင်းချလျက်ရှိသည့် စျေးသည်/စျေးဝယ်သူများ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းသက်သာစေရေး၊ ပလတ်စတစ်သုံးစွဲမှု လျော့နည်းသက်သာစေရန်နှင့် အသားငါးစျေးနှုန်း မြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် တာဝန်ရှိသူများက ယနေ့နံနက် (၈)နာရီ ၃၀ မိနစ်အချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း  သိရှိရသည်။
လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနအား မူလအမည်ဖြစ်သည့်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန အမည်ပြောင်းလဲခြင်းနှင့် ရုံးဆိုင်းဘုတ်တင်ပွဲပြုလုပ်
Apr 02,2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာနအားမူလအမည်ဖြစ်သည့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနအမည်သို့ ၂၀၂၄ ခုနှစ်၊ ဧပြီ(၁)ရက်နေ့မှ စ၍ ပြောင်းလဲပြင်ဆင်သတ်မှတ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်‌‌ထောင်စုဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၇၉/၂၀၂၄) ပြောင်းလဲ ပြင်ဆင်သတ်မှတ်ချက်အရ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့မြေစာရင်းဦးစီးဌာနရုံးတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအား ကြေးတိုင်နှင့်မြေ စာရင်းဦးစီးဌာနအမည်သို့ ဌာနအမည် ပြင်ဆင်ပြောင်းလဲခြင်းနှင့် ရုံးဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပ​ဒေအ​ကြောင်း ရှင်းလင်း​ဟော​ပြော
Apr 02,2024
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပ​ဒေကို အများပြည်သူများ ကျယ်ပြန့်စွာသိရှိနားလည်​စေ​ရေးအတွက် အသိပညာ​ပေး​ဟော​ပြောပွဲကို ယမန်​နေ့နံနက်ပိုင်းက ဘူးဖာ​​ကျေးရွာ၊ ​ကောင်းမှူး​ကျေးရွာနှင့် ဝမ်ပုံ​ကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
တာမွေမြို့နယ်တွင် ဥပ္ပါတသန္တိကျမ်းရွတ်ဖတ်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Apr 02,2024
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ရည်ရွယ်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ၂၀၂၄-ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့မှ မေလ (၅) ရက်နေ့အထိ (၁၂၆)ရက်တိုင်တိုင် ဥပ္ပါတသန္တိကျမ်းရွတ်ဖတ်ပူဇော်ပွဲအား မြို့နယ်များအလိုက် အလှည့်ကျ ကျင်းပပြုလုပ်လျက်ရှိရာ မတ် ၃၁ ရက်နေ့ နံနက်(၅)နာရီခွဲအချိန်ကလည်း ရန်ကုန်မြို့ တာမွေမြို့နယ် မလွှကုန်းဌေးကြွယ် (က) ရပ်ကွက် သမ္မာဒိဌိလမ်းရှိ ဆုတောင်းပြည့် နန္ဒဝန်စေတီတော်ရင်ပြင်တွင် ဥပ္ပါတသန္တိကျမ်းရွတ်ဖတ်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
ဘားအံမြို့တွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဆင်းပွဲကျင်းပ
Apr 02,2024
ကရင်ပြည်နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၂၀)စက်မှုလယ်ယာစခန်း၊ ဘားအံမြို့မှ လယ်ယာသုံး စက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၈ နာရီက ဘားအံမြို့နယ်၊ ခြံကလေးကျေးရွာ၊ ခြံကလေးအောင်ရတနာကျောင်း၌ ကျင်းပခဲ့သည်။
ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ Digital Library Management System (DLMS) ရေးသွင်းနည်းသင်တန်း ဖွင့်လှစ်
Apr 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက် (၁၀) နာရီက Digital Library Management System (DLMS) ရေးသွင်းနည်းသင်တန်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
နောင်ချိုမြို့နယ်တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Apr 02,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ရပ်ကွက်၊ ကျေးရွာများရှိ အသက်(၂)နှစ်အောက် ကလေးငယ်များအား တစ်လတစ်ကြိမ် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြား
Apr 02,2024
နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိရှိ အသုံးချနိုင်စေရန်၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန်၊ ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးစေရန်၊ မိမိကိုယ်ကို ခုခံကာကွယ်နိုင်စေရန်နှင့် ရိုးရာအားကစားနည်းများကို မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်စေရန် ရည်ရွယ်၍ အားကစားနှင့်ကာယပညာဦးစီးဌာနမှ လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် အားကစားကွင်းများတွင် မတ်လ ၁၉ ရက်မှစတင်၍ အားကစားနည်း ၇ မျိုးကို သင်တန်းဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။