စဉ့်ကိုင်မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနရုံးဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

စဉ့်ကိုင်  ဧပြီ  ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအမည်မှ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနအမည်သို့ အမည်ပြောင်းဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီအချိန်က ရန်အောင်မြင်ရပ်ကွက်၊မြို့နယ်မြေစာရင်းဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

ရှေးဦးစွာဆရာတော်၊ သံဃာတော်များက အန္တရယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်၍ ရုံးဆိုင်းဘုတ်အား အန္တရာယ်ကင်းအမွှေးနံ့သာရေများပက်ဖျန်းပေးခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်(၂)ဦးရွှေခိုင်၊ မြို့နယ်မြေစာရင်းဦးစီးဌာနဦးစီးအရာရှိ ဦးရဲသူရတို့ကမြို့နယ်ရုံးဆိုင်းဘုတ်အား ဖွင့်လှစ်ပေးခဲ့ပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။

အဆိုပါဆိုင်းဘုတ်တင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့၀င်(၂)ဦးရွှေခိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲသူရနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်အသီးသီး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းဝင်းသန်း(စဉ့်ကိုင်)