ရေတာရှည် ဧပြီ ၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် တောင်သူများ၏ လူမှုအကျိုးစီးပွားများ အောင်မြင်တိုးတက် ဖြစ်ထွန်းနိုင်သော စီမံချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက နွေစပါးစိုက်တောင်သူများ အဆင်ပြေစေရေးအတွက် စိုက်ပျိုးရေ ဖြန့်ဝေမှုတို့ကို ကွင်းဆင်းကြည့်ရှုကာ တောင်သူများ၏ ရေလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သိရသည်။
ရေတာရှည်မြို့နယ်တွင် နှစ်စဥ်နွေစပါး၊ မိုးစပါး၊ ပဲမျိုးစုံများကို အုပ်စုများအလိုက် စိုက်ပျိုးကြလျက်ရှိရာ ဆွာဆည်တမံမှ စိုက်ပျိုးရေးတောင်သူများ သုံးသီးစားသီးနှံ စိုက်ပျိုးနိုင်ရေးအတွက် စနစ်တကျ ရေပေးဝေနိုင်ခြင်းကို (၂၀၂၄) ခုနှစ် ဇန်နဝါရီလမှ စတင်ကာ ရေစတင်ပေးဝေခဲ့ခြင်းဖြစ်ကြောင်း၊ နေ့အပူချိန်မြင့်မားသည့်ကာလ၌ စိုက်ပျိုးရေ၊ သိုလှောင်ရေ လိုအပ်ချက်များ မဖြစ်ပေါ်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးဥက္ကာသန်း နှင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ဆွာတိုးဂိတ်အနီးရှိ ရေပေး လက်တံမြောင်းအမှတ်(၂) DY-2 ၏ လက်ရှိ ရေဝင်ရောက်မှုအခြေအနေ၊ စိုက်ပျိုးရေ ဖြန့်ဝေမှုတို့ကို ကွင်းဆင်းကြည့်ရှုခဲ့ပြီး နွေစပါးစိုက်တောင်သူများ၏ ကွင်းအလိုက် ရေလိုအပ်ချက်ကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)