ကျောက်ဆည် ဧပြီ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နေရာဒေသအလိုက် ရေရရှိရေး နည်းလမ်းများ အသုံးပြုပြီး နွေသီးနှံများ စတင်စိုက်ပျိုးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ခုနှစ် နွေပဲတီစိမ်းသီးနှံ (၄၉၀)ဧက လျာထားစိုက်ပျိုးလျက်ရှိရာ (၁၇၄)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
လျာထားနွေပဲတီစိမ်းသီးနှံများကို မင်းရဲမြောင်းရေဖြင့် တောင်နောက်ကျေးရွာအုပ်စုတွင် (၇)ဧက၊ အင်တိုင်းကျေးရွာအုပ်စုတွင်(၄၇)ဧက၊ နွားတက်မြောင်းရေဖြင့် ပြည်ပန်းကျေးရွာအုပ်စုတွင် (၂၁)ဧက၊ သမန္တလင်း ကျေးရွာအုပ်စုတွင်(၅၃)ဧက၊ မြင်းကဘက်ကျေးရွာအုပ်စုတွင်(၁၆)ဧက၊ မုန့်ပေါင်းကျေးရွာ အုပ်စုတွင်(၁၃)ဧက၊ လက်ပန်ဇင်ကျေးရွာအုပ်စုတွင် (၁၇)ဧက စုစုပေါင်း (၁၇၄)ဧက စိုက်ပျိုးပြီးကြောင်းနှင့် ပဲတီစိမ်းသီးနှံများ လျာထားဧကထက် ကျော်လွန်ရေးစိုက်ပျိုးနိုင်ရေး မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် နွေပဲတီသီးနှံများ စိုက်ပျိုးရာတွင် အပင်ဖြစ်ထွန်းမှု ကောင်းစေရန်နှင့် အထွက်နှုန်း သေချာစေရန်အတွက် မြေအမျိုးအစားနှင့် ရေရှိမှုအပေါ် မူတည်၍ တစ်ဧက အပင်ဝင်ဆန့်မှု တိကျစေသည့် သိပ္ပံနည်းကျ စိုက်နည်းစနစ်များအပြင် မြေဘောင်များ ပြုလုပ်၍ ဘောင်ကြီးတင်စနစ်များဖြင့် စိုက်ပျိုးရေး တောင်သူများအား အသိပညာနှင့် နည်းပညာများ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်