ပဲခူးတိုင်းဒေသကြီး နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး ဧပြီ ၃

ပဲခူးမြို့၊ တိုင်းဒေသကြီးအားကစားခန်းမကြီး၌ ဧပြီလ()ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ တိုင်ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းပြည်၏အခန်းကဏ္ဍအားလုံး ပုခုံးပြောင်းတာဝန်ထမ်းဆောင်မည့် လူငယ်များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ပြည်စုံကာ အကျင့်စာရိတ္တကောင်းမွန်တဲ့ အသိဉာဏ်ပညာ ဖွံ့ဖြိုးသူများဖြစ်အောင် ယခုအချိန်ကတည်းက စနစ်တကျ ပြုစုပျိုးထောင်ရန် လိုအပ်မှာဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်()ရပ်၊ ဦးတည်ချက်()ရပ်တွင် ပါရှိသည့်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးဆိုသည့် လုပ်ငန်းစဉ်ကို ဘက်ပေါင်းစုံမှ အလေးထားဖြည့်ဆည်းပေးလျက်ရှိပြီး တစ်မျိုးသားလုံး လူထုလှုပ်ရှားမှုအသွင်ဖြင့် နွေရာသီအခြေခံအားကစား သင်တန်းများဖွင့်လှစ်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်သော လူငယ်လူရွယ်များ၊ ထူးချွန်ထက်မြတ်သော အားကစားလူရည်ချွန်များ ပေါ်ပေါက်လာစေမှာဖြစ်ကြောင်း၊ နွေရာသီအခြေခံအားကစားသင်တန်းများ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခြင်းသည် နိုင်ငံတော်အတွက်ရော မြန်မာ့အားကစားလောကအတွက်ပါ အကျိုးထူးများ မလွဲမသွေရရှိနိုင်မှာဖြစ်သည့်အတွက် မိမိတို့၏ ရင်သွေးငယ်များ တန်ဖိုးရှိသော လူတော်လူကောင်းများ ဖြစ်လာစေရေး နွေ၊ မိုး၊ ဆောင်း နှစ်လုံးပေါက် အားကစားသင်တန်းများ တက်ရောက်နိုင်ရေး အားပေးပံ့ပိုးသွားကြရန်နှင့် အားကစားနည်းအလိုက် တိုင်းဒေသကြီးကိုယ်စားပြု လက်ရွေးစင်အားကစားသမားများဖြစ်အောင် ကြိုးစားပြီး နိုင်ငံ့လက်ရွေးစင်များဖြစ်လာသည်အထိ ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နွေရာသီအခြေခံအားကစားသင်တန်းမှ သင်တန်းဆရာများအတွက် ဂုဏ်ပြုငွေနှင့် ဘောလုံး၊ Fitness Dance ကရာတေးဒို၊ စားပွဲတင်တင်းနစ် သင်တန်းသားများအတွက် သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်က ဘတ်စကတ်ဘော၊ မြန်မာ့သိုင်းနှင့် တင်းနစ်သင်တန်းသားများအတွက် သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်က ကြက်တောင်၊ ဘောလီဘော၊ ပြေးခုန်ပစ် သင်တန်းသားများအတွက် သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ယင်းနောက် နွေရာသီအခြေခံအားကစားသင်တန်း တက်ရောက်ခဲ့ကြသည့် မြန်မာ့သိုင်း၊ ဘောလုံး၊ ကရာတေးဒို၊ ဘတ်စကက်ဘောနှင့် Fitness Dance သင်တန်းသား/ သူလေးများက အားကစားနည်းအလိုက် သရုပ်ပြဖျော်ဖြေတင်ဆက်ခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် သရုပ်ပြအားကစားသမားများအား ဂုဏ်ပြုငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံအားကစားသင်တန်းတွင် အားကစားနည်း(၁၀)မျိုး၊ သင်တန်းသား/ သင်တန်းသူဦးရေ (၆၅၇) ဦးအား မတ်လ()ရက်နေ့မှ မတ်လ(၃၁)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)