လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များအား ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ကျန်းမာရေးစောင့်ရှောက်ခြင်း လုပ်ငန်းများဆောင်ရွက်

လှိုင်းဘွဲ ဧပြီ ၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များအား လိုအပ်သော အာဟာရဓာတ်များ ပြည့်ဝစွာ ရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကာကွယ်နိုင်ရန်အတွက် လအလိုက် ထိုးနှံရမည့် ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက လှိုင်းဘွဲမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများတွင်ရှိသော ကလေးငယ်များအနေဖြင့် မိခင်နို့ကို အပြည့်အဝ ရရှိခြင်း၊ လိုအပ်သော အာဟာရများကို ရရှိခြင်း၊  ကူးစက်ရောဂါတို့မှ ကြိုတင်ကာကွယ်ခြင်းတို့ကို  အသိပညာပေးခြင်း၊ ကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကလေးငယ်များအနေဖြင့် ကျန်းမာ သန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် မွေးကင်းစမှ အသက်()နှစ်ခွဲ ကလေးငယ်များအား ကိုယ်အလေးချိန် တိုင်းတာပေးခြင်း၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါဘီရောဂါနှင့် ဦးနှောက်အမြှေးရောင်ရောဂါ၊ ပိုလိုယိုရောဂါများကို ကာကွယ်နိုင်ရန်အတွက် လအလိုက် ထိုးနှံရမည့် ကာကွယ်ဆေးများကို ထိုးနှံခြင်း/ တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ အပတ်စဥ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)