တပ်ကုန်းမြို့၌ အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုသော စာဖြေ ရဟန်း၊ သာမဏေ၊ သီလရှင်များနှင့် ကြီးကြပ်ဆရာတော်များအား မြဝတီရပ်ကွက်ပြည်သူများမှ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း

တပ်ကုန်း ဧပြီ ၃

၂၀၂၄ ခုနှစ်၊ သာသနာရေးဦးစီးဌာနမှ အစိုးရဓမ္မာစရိယစာမေးပွဲကို ဦးဆောင်ကျင်းပလျက်ရှိရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အစိုးရဓမ္မာစရိယစာမေးပွဲကို ယမန်နေ့ နေ့လယ် ၁၂ နာရီက အောင်ဆန်းခန်းမစာစစ်ဌာနတွင် ဓမ္မသင်္ဂဏီပါဠိအဋ္ဌကထာကျမ်း (ဒုတိယနေ့)ဘာသာရပ်အား ဖြေဆိုတော်မူလျက်ရှိရာ စာဖြေ ရဟန်း၊ သာမဏေ၊ သီလရှင်များနှင့် ကြီးကြပ်ဆရာတော်များအား မြဝတီရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်စေတနာရှင် ပြည်သူများစုပေါင်း၍ နေ့ဆွမ်းဘောဇဉ်များ ဆက်ကပ်လှူဒါန်းခဲ့သည်။

တပ်ကုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲတွင် ဓမ္မသင်္ဂဏီပါဠိ အဋ္ဌကထာကျမ်း(ဒုတိယနေ့) စာရင်းရှိ ရဟန်း၊ သာမဏေ၊ သီလရှင်ပေါင်း ၈၉ ပါး၊ ဝင်ရောက်ဖြေဆို ရဟန်း၊ သာမဏေ၊ သီလရှင်ပေါင်း ၆၃ ပါး၊ ပျက်ကွက် ရဟန်း၊ သာမဏေ၊ သီလရှင်ပေါင်း ၂၆ ပါး၊ ဖြေဆိုမှု ရာခိုင်နှုန်း ၇၀ ဒသမ ၇၉ ဖြစ်ပြီး၊ အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မ(၆)ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များက ရက်အစဉ်အလိုက် ဆွမ်း၊­­ ဘောဇဉ်နှင့် အအေးများ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်