လှည်းကူးမြို့နယ်တွင် ၂၀၂၄ ခုနှစ် နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲကျင်းပ

လှည်းကူး ဧပြီ ၃

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင် လှည်းကူးမြို့နယ်တွင် အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံ မြန်မာ့သိုင်း၊ တိုက်ကွမ်ဒို၊ Fitness Dance၊ ဘောလုံးနှင့် လက်ဝှေ့အားကစား သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက လှည်းကူးမြို့နယ် (က) အဆင့် အားကစားခန်းမ၌ ကျင်းပခဲ့သည်။

ရှေ့ဦးစွာ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးခင်ဇော်က သင်တန်းဆင်းအမှာစကား ပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ရာ သင်တန်းသား/သူများက လက်ခံရယူသည်။ ဆက်လက်ပြီး မြောက်ပိုင်းခရိုင်အားကစားမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ယဥ်ဦးခိုင်နှင့် မြို့နယ်ပညာရေးမှူး ဦးကျော်ရွှေတို့က သင်တန်းနည်းပြများအား အမှတ်တရဂုဏ်ပြုလက်ဆောင်များပေးအပ်ရာ သင်တန်းနည်းပြများက လက်ခံရယူသည်။ ထို့နောက် သင်တန်းသား/သူများက အားကစားနည်း (၅) မျိုးဖြင့် သရုပ်ပြဖျော်ဖြေကြသည်။

အဆိုပါ အားကစာနည်း (၅) မျိုးတွင် သင်တန်းသား/သူ (၁၀၉) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မတ်လ (၁) ရက်မှ (၃၀) ရက်နေ့အထိ သင်ကြားပေးခဲ့ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)