ကွန်ဟိန်း ဧပြီ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ ကြက်ခြေနီသင်တန်းကို ဧပြီလ ၁ ရက်နေ့ မွန်းလွဲ (၁) နာရီက အခြေခံပညာအထက်တန်း ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် စေတနာ့ဝန်ထမ်းအကျိုးဆောင်၊ ရှေးဦးပြုစုခြင်းနှင့် လူနာတစ်ဦးတွေ့ရှိပါက ဆန်းစစ်ရမည့်အချက်များကို သင်တန်းနည်းပြ မြို့နယ်ကြက်ခြေနီအသင်း၊ ကြက်ခြေ နီတပ်ဖွဲ့မှူး ဦးအောင်ဖြိုးဇော်နှင့် စိုင်းရန်နိုင်ထွေးတို့မှ သင်တန်းပို့ချသွားမည်ပြီး သင်တန်းသား ၈ ဦး၊ သင်တန်းသူ ၁၇ ဦး၊ စုစုပေါင်း ၂၅ ဦး တက်ရောက်သွားမည်ဖြစ်ပါသည်။
အဆိုပါသင်တန်းအား (၁-၄-၂၀၂၄) ရက်နေ့မှ (၅-၄-၂၀၂၄) ရက်နေ့အထိ (၅) ရက်တာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်