ဗိုလ်တထောင် ဧပြီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ (၂)/ တောင်ရပ်ကွက်၊ မြင်တော်သာလမ်းကြီး၊ မြို့နယ်ဘောလုံးကွင်းအတွင်းရှိ အားကစားခန်းမတွင် ယမန်နေ့၊ (၀၈:၃၀)အချိန် နွေရာသီအခြေခံအားကစားသင်တန်းများ၊ သင်တန်းဆင်းပွဲ၊ တူညီဝတ်စုံထောက်ပံ့ခြင်းနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးရှင်းလင်းပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီးကျော်ထွန်း၊ အဖွဲ့ဝင်(၂)ဦးဝင်းလှိုင်၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး လှဘုန်းကျော်၊ သာကေတမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ ဗိုလ်တထောင်ခရိုင်အတွင်းရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အားကစား ကော်မတီဝင်များ၊ မြို့နယ်အားကစားမှူးများ၊ နည်းပြများ၊ အလှူရှင် Steel King co;ltdမှ မန်နေဂျာ ဦးလူမော်နှင့် သင်တန်းသား/ သင်တန်းသူများ စုစုပေါင်းအင်အား (၃၀၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်က အဖွင့်အမှာစကားနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းပြောကြားခြင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် Steel King Co;ltd မန်နေဂျာဦးလူမော်တို့မှ နွေရာသီအခြေခံအားကစားသင်တန်းများအတွက် တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်ရာ သာကေတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် မြို့နယ်အားကစားမှူးများမှ လက်ခံခဲ့ကြပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်မှ အလှူရှင် Steel King co;ltd မန်နေဂျာဦးလူမော်ထံ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊ တက်ရောက်လာသူများအား ပြည်သူ့စစ်မှုထမ်းဆိုင်ရာသိကောင်းစရာ လက်ကမ်းစာစောင် (၃၀၀) ခန့် ဖြန့်ဝေခဲ့ခြင်းနှင့် အခမ်းအနားတက်ရောက်လာသူများအား လက်ဖက်ရည်/ ပေါင်မုန့်များဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အခမ်းအနားအား (၀၉:၃၀) အချိန်တွင် ပြီးမြောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
ခင်ဝင်း