ခန္တီး ဧပြီ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်မှစ၍ မိခင်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးရာတွင် ခန္တီးမြို့နယ်အတွင်းရှိ ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက်များမှ အသက်(၄)လအရွယ် ကလေးငယ်များအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပိုလီယိုကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဆုံဆို့ - ကြက်ညှာ - မေးခိုင် - အသည်းရောင် အသားဝါ(ဘီ)၊ ဉီးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)နှင့် အသက်(၆)လအရွယ် ကလေးငယ်များအား ပိုလီယို၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)၊ ငါးမျိုးစပ်ကာကွယ်ဆေးများကို မိခင်ကလေးကျန်းမာရေးဌာန၊ ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)