ခန္တီးမြို့နယ်၌(၃၂)ကြိမ်မြောက် လုံပိုင်ဧရိယာကျောင်းသားသမဂ္ဂ ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးနှင့် အမျိုးသမီးဘောလီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ခန္တီး ဧပြီ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် (၃၂)ကြိမ်မြောက် လုံပိုင်ဧရိယာကျောင်းသားသမဂ္ဂ ကျေးရွာပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးနှင့် အမျိုးသမီးဘောလီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီခွဲအချိန်က မြို့နယ်ပြည်သူ့အားကစားခန်းကွင်း၌ ကျင်းပပြုလုပ်ရာ ခန္တီးတပ်နယ်မှူး ဗိုလ်မှူးကြီးမြင့်မောင်မောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးအောင်စိုးမိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးသက်ဉီးဆွေနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက မြို့နယ်အားကစားကွင်းအတွင်းသို့ ဝင်‌ရောက်ရာ နာဂရိုးရာအကဖြင့် ကြိုဆိုခဲ့ကြပြီး ခယမ်ညူငန်နှစ်ခြင်းအသင်းတော်များအဖွဲ့ ဆရာမောင်ကန်းက အစပြုဆုတောင်းခြင်းဖြင့် အခမ်းအနားစတင်ခဲ့သည်။

ဆက်လက်၍ ခန္တီးတပ်နယ်မှူးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌတို့က ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအား အမှာစကားအသီးသီးပြောကြားခဲ့ပြီး အားကစားသမားများက အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် ရွတ်ဆိုခဲ့ကြသည်။

ထို့နောက် လုံပိုင်ဧရိယာ ကျောင်းသားများသမဂ္ဂဉက္ကဋ္ဌ ဉီးပါရှင်က ကျေးဇူးတင်စကားပြောကြားပြီး ခန္တီးတပ်နယ်မှူး ဗိုလ်မှူးကြီးမြင့်မောင်မောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးအောင်စိုးမိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးသက်ဉီးဆွေ၊ ဒုတိယရဲမှူးကြီးသက်ထွဋ်၊ မြို့နယ်ရဲမှူး ဉာဏ်မြင့်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ယင်းနောက် ခန္တီးတပ်နယ်မှူး ဗိုလ်မှူးကြီးမြင့်မောင်မောင်နှင့် အဖွဲ့ဝင်များက ပါဝင်ယှဉ်ပြိုင်ကစားကြမည့် အားကစားသမားများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ခယမ်ညူငန်နှစ်ခြင်း အသင်းတော်များအဖွဲ့ သိက္ခာတော်ရဆရာဉီးပါကြူက အဆုံးသတ်ဆုတောင်းခြင်းဖြင့် အခမ်းအနားအား ရုတ်သိမ်းခဲ့သည်။

အဆိုပါ အမျိုးသားအလွတ်တန်းဘောလုံး ပြိုင်ပွဲကိုတောင်ပေါ်ဒေသကျေးရွာများတွင် နှစ်စဉ်နှစ်တိုင်း အလှည့်ကြကျင်းပလေ့ရှိပြီး ယခုနှစ်(၃၂)ကြိမ်မြောက် အားကစားပြိုင်ပွဲအား ခန္တီးမြို့ရှိ ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။ ထို​ဘောလုံးနှင့် ဘောလီဘောပြိုင်ပွဲကို တောင်ပေါ်ဒေသကျေးရွာများမှ နာဂတိုင်းရင်းသားလူငယ်များက ကျေးရွာအလိုက်အသင်းများစုဖွဲ့၍ ယှဥ်ပြိုင်ကစားခြင်းဖြစ်ပြီး ယခုနှစ်ပြိုင်ပွဲကို လောလုံးပြိုင်ပွဲဝင်အသင်း(၁၀)သင်းနှင့် အမျိုးသမီးဘောလီဘော ပြိုင်ပွဲဝင်အသင်း(၆)သင်း တို့ကဧပြီလ(၂)ရက်နေ့မှ ဧပြီလ(၈)ရက်နေ့အထိ အုပ်စုပတ်လည်ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)