သတင်းများ

တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီသင်တန်း အခမဲ့ဖွင့်လှစ်သင်ကြားလျက်ရှိ
Apr 04,2024
နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ၊ အချိန်ကို တန်ဖိုးရှိရှိအသုံးချတတ်စေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော လူငယ်လူရွယ်များဖြစ်လာစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ အခြေခံပန်းချီ အခမဲ့သင်တန်းကို ဧပြီ ၁ ရက်နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့် အဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးခဲ့သည်။
ပြင်ဦးလွင်မြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ပထမနေ့ သံဃသာမဂ္ဂီမဟာသိမ်တော်ကြီး စာစစ်ဌာနတွင်  စတင်ဖြေဆို
Apr 04,2024
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ ပထမနေ့ ဝိနည်း ကျင့်ဝတ်/ သုကုမာရမဂ္ဂဒီပနီ၊ ဘိက္ခုပါတိမောက်ဘာသာ/ ဓမ္မပဒ၊ ဒွေမာတိကာ ဘာသာ/ဓမ္မပဒ ဘာသာရပ်ကို ယမန်နေ့နေ့လယ် ၁၂ နာရီက စတင်၍ သံဃသာမဂ္ဂီမဟာသိမ်တော်ကြီး စာစစ်ဌာနတွင် စတင်ကျင်းပပြုလုပ်ခဲ့သည်။
ဟုမ္မလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်/မြို့နယ်အဆင့် MSY/VRFP စီမံကိန်းစီမံကိန်း သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကျင်းပ
Apr 04,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်/မြို့နယ်အဆင့် MSY/VRFP စီမံကိန်းစီမံကိန်းသုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီအချိန်က ဟုမ္မလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး ​အစည်းအဝေးခန်းမတွင် ကျင်းပလုပ်ပြုခဲ့ကြောင်း သိရသည်။
စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှ အသိဗဟုသုတများ ရရှိစေရေး စာဖတ်ဝိုင်းပြုလုပ်
Apr 04,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် Book Club၊ Woman Club၊ Youth Club တို့နှင့် ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှ အသိဗဟုသုတများ ရရှိစေရေးအတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို အဆိုပါပြန်ဆက်ဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီချိန်က စာရေးဆရာမောင်ခေတ်ထွန်း ရေးသားသည့် “သားရွှေစင် ပုံပြင်ပေါင်းချုပ်” စာအုပ်ဖြင့် ကျင်းပပြုလုပ်သည်။
ညောင်ဦးမြို့ ဇမ္ဗုဒီပသာသနာဗိမာန်တော်ကြီး၌  အစိုးရပါဠိပထမပြန် စာမေးပွဲကျင်းပ
Apr 04,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ခရိုင်သာသနာရေးမှူးရုံးဝင်းအတွင်း ဇမ္ဗုဒီပသာသနာ့ဗိမာန်တော်ကြီး၌  မြို့နယ်သံဃာနာယက ဆရာတော်ကြီးများကြီးကြပ်မှုဖြင့် ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်သာသနာရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ဦးဆောင်မှုဖြင့် ပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်မှစတင်၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်ငူမြို့နယ် ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ စာမတတ်မြောက်သူများ စာတတ်မြောက်ရေး လုပ်ငန်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Apr 04,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ စာမတတ်မြောက်သူများ စာတတ်မြောက်ရေးလုပ်ငန်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ နတ်သျှင်နောင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဘိုကလေးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် ဂရန်အင်းများ လေလံတင်ရောင်းချခြင်းနှင့် ပိုက်ချက်များ တင်ဒါစနစ်ဖြင့် ရောင်းချ
Apr 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ချိုကြည်သာသနာ့ ဗိမာန်တော်ကြီးအတွင်းတွင် ယနေ့နံနက်(၁၀)နာရီ အချိန်၌ ၂၀၂၄-၂၀၂၅ ခုနှစ် လုပ်ငန်းရာသီအတွက် (ပထမအကြိမ်) ဂရန်အင်းများ လေလံတင်ရောင်းချခြင်းနှင့် ပိုက်ချက်များ တင်ဒါစနစ်ဖြင့် ရောင်းချခြင်း အခမ်းအနားကျင်းပ ဆောင်ရွက်သည်။
မင်္ဂလာဒုံမြို့နယ်အတွင်း နွေရာသီကာလတွင် ရေအခက်အခဲမဖြစ်ပေါ်စေရေး မြို့နယ်မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများလှူဒါန်း
Apr 04,2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်အတွင်း နွေရာသီကာလတွင် ရေအခက်အခဲမဖြစ်ပေါ်စေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ပြည်တော်သာရပ်ကွက် သာသနာ့ဗိမ္ဗာန်တော်ရှိ သံဃာတော်များထံသို့ ယမန်နေ့မွန်းလွဲပိုင်းက သောက်သုံးရေများလှူဒါန်းပေးခဲ့ကြသည်။