သတင်းများ

ကျောက်ပန်းတောင်မြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ကျင်းပ ဖြေဆိုမှုရာခိုင်နှုန်း ၈၄.၃ရာခိုင်နှုန်းရှိ
Apr 04,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲကို ပထမနေ့အဖြစ်၊ ယမန်နေ့မွန်းတည့် (၁၂)နာရီက ဘူတာရပ်ကွက်ရှိ မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ကျေးရွာနှင့် ပုံးအယ်ကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပစ္စည်းများ သွားရောက်ပေးအပ်
Apr 04,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခြင်းနှင့် မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် မီးလောင်ပျက်စီးခဲ့သည့် စငေါကျေးရွာအုပ်စု၊ လွယ်ဝိုးတုတ်ကျေးရွာနှင့် ဖက်ရမ်းကျေးရွာအုပ်စု၊ ပုံးအယ်ကျေးရွာတို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှေ့တန်းရောက် တပ်မတော်သားများအတွက် ကုမ္ပဏီများနှင့်လုပ်ငန်းရှင်များက ခေါက်ဆွဲခြောက်များ ပေးအပ်လှူဒါန်း
Apr 04,2024
ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေးတာဝန်များထမ်းဆောင်နေသော ရှေ့တန်းရောက်တပ်မတော်သားများအတွက် ကရင်ပြည်နယ်အတွင်းရှိ ကုမ္ပဏီများနှင့်လုပ်ငန်းရှင်များက ငွေကျပ် ၂၀၅၀၀၀၀ဝိ/-(နှစ်ရာ့ငါးသိန်း)တန်ဖိုးရှိ အသင့်စားသုံးနိုင်သော ခေါက်ဆွဲခြောက်များကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်း(၂)၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးသည့် စားဖိုဆောင်သီးနှံစုံ ၄၁၈၃ ဧက သိမ်းဆည်းပြီးစီးပြီဖြစ်
Apr 04,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်နှင့် ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်အတွက် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် စားဖိုဆောင်သီးနှံစုံစိုက်ဧက ၄၁၈၃ ဧက သိမ်းဆည်းပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
တနိုင်းမြို့ (Community Centre) ၌ မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲ၊ ပုံ‌ပြောပြိုင်ပွဲနှင့် စာအုပ်ပြပွဲကျင်းပ
Apr 04,2024
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ဧပြီလ၂ ရက်နေ့ နံနက် ၁၁ နာရီက ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် စာအုပ်ပြပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့တွင် နွေရာသီအခြခံကဗျာလွတ်အကသင်တန်း ဖွင့်လှစ်
Apr 04,2024
ရှမ်းပြည်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ပညာရေးဦးစီးဌာနက ကြီးမှူး၍ နွေရာသီအခြခံ ကဗျာလွတ်အကသင်တန်းကို အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ငပုတောမြို့နယ်တွင် အပူဒဏ်အန္တရာယ်ကာကွယ်ရေး လက်ကမ်းစာစောင်များဖြန့်ဝေ
Apr 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်မြို့အဝင်ဂိတ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများမှ အပူဒဏ်အန္တရာယ် ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက ပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့ကြသည်။
သာစည်မြို့နယ်တွင် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးဆွေးနွေး
Apr 04,2024
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ၂၀၂၄ ခုနှစ် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဧည့်ခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။