ဟုမ္မလင်း ဧပြီ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်/မြို့နယ်အဆင့် MSY/VRFP စီမံကိန်းစီမံကိန်းသုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီအချိန်က ဟုမ္မလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပလုပ်ပြုခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဟုမ္မလင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်တင်ယုမေက အဖွင့်အမှာစကားပြောကြားပြီး ဟုမ္မလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရာဌေးက မြို့နယ်အဆင့် MSY/ VRFP စီမံကိန်းနှင့် ပတ်သက်၍ သုံးသပ်ဆွေးနွေးခြင်းနှင့် စံပြကျေးရွာရွေးချယ်မှုများနှင့် ပတ်သတ်၍ အသေးစိတ် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တက်ရောက်လာသော ဟုမ္မလင်းမြို့၊ မြို့နယ်မြစိမ်း ရောင်စီမံကိန်းလုပ်ငန်း ကော်မတီဝင်များနှင့် ကျေးရွာသူ/သားများကျေးရွာရှိ ကော်မတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များက စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှုအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဟုမ္မလင်းမြို့နယ်၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းစံပြကျေးရွာ ရွေးချယ်ပွဲတွင် ပထမဆုရရှိသော ဟုမ္မလင်းမြို့နယ် ခေါင်ခမ်းကျေးရွား၊ ဒုတိယဆုရရှိသော နားနှုံးကျေးရွာ၊ တတိယဆုရရှိသော ဟူနောင်၊ ဟင်နောင်ကျေးရွာ၊ ဆုရရှိခဲ့သည့် ကျေးရွာများကို ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် မေတ္တာလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရ သည်။
အဆိုပါ အခမ်းအနားသို့ ဟုမ္မလင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်တင်ယုမေ၊ ဟုမ္မလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရာဌေး၊ ဟုမ္မလင်းမြို့၊ မြို့နယ်မြစိမ်းရောင်စီမံကိန်းလုပ်ငန်း ကော်မတီဝင်များနှင့် ကျေးရွာသူ/သားများ ကျေးရွာရှိ ကော်မတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ စုစုပေါင်း (၄၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)