လက်ပံတန်း ဧပြီ ၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် Book Club၊ Woman Club၊ Youth Club တို့နှင့် ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေမှ အသိဗဟုသုတများ ရရှိစေရေးအတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို အဆိုပါပြန်ဆက်ဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီချိန်က စာရေးဆရာမောင်ခေတ်ထွန်း ရေးသားသည့် “သားရွှေစင် ပုံပြင်ပေါင်းချုပ်” စာအုပ်ဖြင့် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ မျိုးမင်းထွန်းက စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ရာ စာရေးဆရာမောင်ခေတ်ထွန်း ရေးသားသည့် “သားရွှေစင် ပုံပြင်ပေါင်းချုပ်” စာအုပ်မှ “ရွှေအိုးနှင့်မျောက်များ”၊ “ပညာရှိကုန်သည်ကြီး”၊ “စိတ်ကူးနှင့်ရူးသူဆာမိ”၊ “ဖြတ်ထိုးဉာဏ်ကောင်းသူ”၊ “ဘုရားကျောင်းပေါ်က သင်္ဘောကြီး”၊ “ပညာရှိကလေးနှင့် ရွှေအိုးပြဿနာ” ခေါင်းစဉ်တို့ကို Book Club၊ Women Club၊ Youth Club အဖွဲ့ဝင်များဖြစ်သည့် ဦးစောမြင့်၊ ဦးပြည့်စုံ၊ ဒေါ်ညိုညိုတင့်၊ ဒေါ်စမ်းစမ်းဝင်း၊ ဒေါ်ကြည်မြတ်နွယ်၊ ဦးမြင့်သိန်းတို့မှ ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာသူ လူငယ်များမှ ပြန်လည်ဆွေးနွေးခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်း ဆွေးနွေးပွဲသို့ Club အဖွဲ့ဝင်များ၊ ကျောင်းသားကျောင်းသူများ၊ စာပေချစ်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)