ညောင်ဦးမြို့နယ် ဆီထွက်သီးနှံထုတ်လုပ်မှုမြင့်မားရေးအထူးဇုန်ဧရိယာများ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် မိတ်ဖက်ဌာနဆိုင်ရာများ တွေ့ဆုံပွဲကျင်းပ
Apr 04,2024
၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆီထွက်သီးနှံများ ထုတ်လုပ်မှုတိုးတက်မြင့်မားစေရေးအတွက် အထူးဇုန်ဧရိယာများ သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် မန္တလေးတိုင်းဒေသကြီး အထူးဇုန်(၂) တာဝန်ခံ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဝင်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးကိုကိုနိုင်၊ တိုင်းမြေအသုံးချရေးတာ ဝန်ခံဒေါ်သက်သက်ထွန်း၊ တိုင်းမျိုးစေ့တာဝန်ခံ ဒေါ်မင်းမင်းသွင်၊ တိုင်းဒေသကြီး သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်သင်းသက်ထက်၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးရီ၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ (ရေအရင်းအမြစ်)မှ ဦးစီးအရာရှိ ဦးမြင့်နိုင်၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဇော်မင်း၊ စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဉာဏ်လင်းလက်၊ စိုက်ပျိုးရေးသုတေသနခြံမှ သုတေသနအရာရှိ ဦးဝင်းစိုး၊ မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများ၊ ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူများနှင့်တွေ့ဆုံပွဲကို ဧပြီ ၂ ရက်နေ့ ညနေ ၃ နာရီအချိန်က ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့ကြောင်း သိရသည်။