ညောင်ဦးမြို့ ဇမ္ဗုဒီပသာသနာဗိမာန်တော်ကြီး၌  အစိုးရပါဠိပထမပြန် စာမေးပွဲကျင်းပ

ညောင်ဦး  ဧပြီ  ၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ခရိုင်သာသနာရေးမှူးရုံးဝင်းအတွင်း ဇမ္ဗုဒီပသာသနာ့ဗိမာန်တော်ကြီး၌  မြို့နယ်သံဃာနာယက ဆရာတော်ကြီးများကြီးကြပ်မှုဖြင့် ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်သာသနာရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ဦးဆောင်မှုဖြင့် ပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်မှစတင်၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 စာမေးပွဲဖြေဆိုရာတွင် မြို့နယ်အတွင်းရှိစာသင်တိုက်များမှ ပါဠိပထမပြန်စာမေးပွဲကို ပထမကြီးတန်းတွင် ဖြေဆို(၈)ပါး၊ပထမလတ်တန်းတွင် ဖြေဆို (၄၀)ပါး၊ ပထမငယ်တန်းတွင် ဖြေဆို (၅၉)ပါး၊ အခြေပြုမူလတန်းတွင် ဖြေဆို (၁၂၀)ပါး၊ စုစုပေါင်း (၂၂၇)ပါးဝင် ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ညောင်ဦးမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲများကို ပရိယတ္တိသာသနာ ထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ အစိုးရပါဠိပထမပြန်စာဖြေသံ ဃာတော်များအား ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်ဇနီး ဒေါ်ဇာဇာဝင့် မိသားစုတို့မှ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရပြီး ပါဠိပထမပြန်စာမေးပွဲကိုဧပြီလ(၃)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ ကျင်းပပြုလုပ်‌ပေးမည်ဖြစ်ကြောင်း သိရသည်။

ဒီပါလင်း