မင်္ဂလာဒုံမြို့နယ်အတွင်း နွေရာသီကာလတွင် ရေအခက်အခဲမဖြစ်ပေါ်စေရေး မြို့နယ်မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများလှူဒါန်း

မင်္ဂလာဒုံ ဧပြီ ၄

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်အတွင်း နွေရာသီကာလတွင် ရေအခက်အခဲမဖြစ်ပေါ်စေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ပြည်တော်သာရပ်ကွက် သာသနာ့ဗိမ္ဗာန်တော်ရှိ သံဃာတော်များထံသို့ ယမန်နေ့မွန်းလွဲပိုင်းက သောက်သုံးရေများလှူဒါန်းပေးခဲ့ကြသည်။

ထို့သို့ လှူဒါန်းရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးမျိုးသန့်ဦး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ မင်္ဂလာဒုံမြို့နယ် ပြည်တော်သာရပ်ကွက် သာသနာ့ဗိမ္ဗာန်တော်ရှိ သံဃာတော်အပါး(၁၅၀၀)အတွက် ရေဂါလန်(၁၆၀၀)ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် အခြားသော သောက်သုံးရေလိုအပ်လျက်ရှိသည့် နေရာများသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ရေအခက်အခဲမဖြစ်ပေါ်စေရေးအတွက် ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဌေးလင်း(မင်္ဂလာဒုံ)