တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီသင်တန်း အခမဲ့ဖွင့်လှစ်သင်ကြားလျက်ရှိ

တောင်ငူ ဧပြီ ၄

နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ၊ အချိန်ကို တန်ဖိုးရှိရှိအသုံးချတတ်စေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော လူငယ်လူရွယ်များဖြစ်လာစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ အခြေခံပန်းချီ အခမဲ့သင်တန်းကို ဧပြီ ၁ ရက်နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့် အဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့် အဖွဲ့ဝင်များက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများသို့ ဝန်ဆောင်မှုပေးနေသည့် ပြည်သူ့စာကြည့်တိုက်၊ ပြတိုက်ငယ်နှင့် ကလေးစာဖတ်ခန်းတို့ကို ကြည့်ရှုလေ့လာသည်။ အဆိုပါသင်တန်းတွင် ရန်ကုန်ဗဟိုပန်းချီပန်းပုအစည်းအရုံး နာယက (တောင်ငူမြို့နယ် ပန်းချီပန်းပုအစည်းအရုံးနာယက) ပန်းချီဆရာ စိုးမြင့်လေး (တောင်ငူ)မှ အခြေခံပန်းချီရေးဆွဲနည်းကို ဧပြီလ ၁ ရက်နေ့မှ ၉ ရက်နေ့အထိ အခမဲ့ဖွင့်လှစ် သင်ကြားပေးလျက်ရှိပြီး အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၂၉)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

 ဇော်ကိုကို