မြစ်သားမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ ကျင်းပပြုလုပ်
Apr 05,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ပါဠိပထမပြန်စာမေးပွဲကို ဧပြီလ(၃)ရက်နေ့မှဧပြီလ (၉)ရက်နေ့အထိ နေ့စဥ်မွန်းတည့်(၁၂)နာရီမှ ညနေ(၃) နာရီအထိ ကျင်းပပြုလုပ်လျက်ရှိရာ ဧပြီ ၃ရက်နေ့ မွန်းလွဲပိုင်း (၁၂)နာရီအချိန်က ရှမ်းပွဲရပ်ကွက် ရွှေမုဋ္ဌောဘုရားပရိဝုဏ်ရှိ နန်းအိမ်သူဓမ္မဗိမ္မာန်အတွင်း ဖြေဆိုခဲ့ကြောင်း သိရသည်။