မိုင်းစံ မေ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ရှမ်းစာပေနှင့်ယဉ်ကျေးမှုသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများကို ယနေ့နံနက် (၁၀)နာရီ အချိန်ခန့်က အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းစံမြို့ရုံးမှ မြိုးဦးစီးမှူး ဒေါ်ဥမ္မာထွေးမှ အပူဒဏ်အန္တရာယ်ကာကွယ်ရေးနှိုးဆော်ချက်များ၊ ကြိုတင်ကာကွယ်အပူဒဏ်အန္တရာယ် လိုက်နာဆောင်ရွက်ရန်အချက်များ၊ အပူဒဏ်အန္တရာယ် ရှောင်ကြဉ်ရန်အချက်များ၊ သတိပြုရမည့် အပူဒဏ်အန္တရာယ်များ၊ အပူဒဏ်အန္တရာယ် အထူးသတိပြုရမည့်သူများနှင့် အပူဒဏ်ကြောင့် သတိလစ်ခြင်းဖြစ်ပေါ်ပါက ရှေးဦးပြုစုရမည့် နည်းလမ်းများအကြောင်းကို မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ရှမ်းစာပေနှင့်ယဉ်ကျေးမှုသင်ယူနေသော ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီးနောက် ဆက်လက်၍ မိုင်းစံမြို့ရုံးမှ အငယ်တန်းစာရေး ဦးစိုင်းခေးလှိုင်းမှ ရှမ်းဘာသာစကားဖြင့် ဘာသာပြန်၍ ထပ်ဆင့်ရှင်းလင်း အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေး နံရံကပ်စောင်များကို ရှမ်းစာပေနှင့် ယဉ်ကျေးမှုသင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မိုင်းစံ(ပြန်/ဆက်)