ကံမမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ကံမ)၌ ကျန်းမာသော လူနေမှုဘဝပုံစံနေထိုင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ကံမ မေ ၁၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ အမှတ်(၄)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ကံမ)၏ မြဝတီခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်ကာလ၌ လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များ အရှိန်တိုးမြင့်ဆောင်ရွက်ရေး၊ ကျန်းမာသောလူနေမှုဘဝပုံစံနေထိုင်ရေး အသိပညာပေးဟောပြောပွဲကိုပြုလုပ်ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူးကိုယ်စား ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ဝေယံက အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝေလင်းဗိုလ်၊ ဦးစီးအရာရှိ ဒေါ်သင်းသင်းကြူနှင့် သွားဖက်ဆိုင်ရာဆရာဝန် ဒေါက်တာသဥ္ဇာထွန်းတို့က ကျန်းမာသော လူနေမှုဘဝပုံစံနေထိုင်ရေး အသိပညာပေးပြောကြားခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)