သတင်းများ

မိုင်းရှူးမြို့တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ ပေးအပ်ပွဲအခမ်းအနား ကျင်းပ
Apr 30,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာပေချစ်မြတ်နိုးသူများပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်
Apr 30,2024
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်လူထုအခြေပြုဗဟိုဌာန( Community Centre)တွင် ပြည်သူများ စာပေဖတ်ရှုလိုစိတ်မြင့်မားလာစေရန်နှင့် စာပေဆွေးနွေးတတ်သည့် အလေ့အထများဖော်ဆောင်နိုင်စေရန်ရည်ရွယ်၍   စာပေချစ်မြတ်နိုးသူများပူးပေါင်းကာ ဧပြီလ ၂၈ ရက်နေ့ မွန်းလွဲ  ၂ နာရီအချိန်က စာဖတ်ဝိုင်းကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်မြို့ အ.ထ.က(မူယာပင်)ကျောင်း၌ လူငယ်အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Apr 30,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ၊ ရွာဘဲရပ်(မူယာပင်) အခြေခံပညာအထက်တန်းကျောင်း၌ နွေရာသီကျောင်းပိတ်ရက်များအတွင်း ယဉ်ကျေးလိမ္မာသင်တန်းနှင့် အခြေခံအင်္ဂလိပ်စာသင်တန်း တက်ရောက်နေ‌သော အလယ်တန်းနှင့်အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား လူငယ်အသိပညာပေးဟောပြောခြင်း၊ အသိပညာပေးနံရံကပ်စာစောင်များပြသပေးခြင်းနှင့် စာအုပ်စာစောင်များ လေ့လာဖတ်ရှုနိုင်ရန် စီစဉ်ပေးခြင်းတို့ကို  ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးညိုမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြုရန် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း အခမ်းအနားပြုလုပ်
Apr 30,2024
ပဲခူးတိုင်းဒေသကြီး၊ သယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM (Myanmar Electronic Valing Machine-MEVM) အသုံးပြုရန် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ခရမ်းမြို့နယ်လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်
Apr 30,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် Club အဖွဲ့ဝင်များဖြင့် စာရေးဆရာအောင်မင်းသိုက်၏ ကိုယ်ပိုင်စီးပွားနှင့်အောင်မြင်မည့်သူစာအုပ်ဖြင့် ယမန်နေ့မွန်းလွဲ ၁ နာရီက စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
ချောင်းဆုံမြို့နယ်တွင် (၃၈)ဖြာမင်္ဂလာနှင့်ယဉ်ကျေးလိမ္မာနည်းပြသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Apr 30,2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးငယ်များ ပညာတော်၍ ယဉ်ကျေးလိမ္မာသော လူတော်လူကောင်းများ ဖြစ်ပေါ်စေရန်အတွက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းမှ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများအား (၃၈)ဖြာမင်္ဂလာနှင့် ယဉ်ကျေးလိမ္မာနည်းပြသင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိရာ သင်တန်းဆင်းပွဲကို ဧပြီလ ၂၉ ရက်နေ့ ညနေပိုင်းက ချောင်းဆုံအနောက်ရပ်ကွက် သာသနာ့ဗိမာန်တွင် ကျင်းပခဲ့သည်။
ရွှေတောင်မြို့၌ မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလား အသက် (၂၅) နှစ်အောက်အမျိုးသား/ အမျိုးသမီး၊ အသက် (၁၈) နှစ်အောက် အမျိုးသား ဘောလီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Apr 30,2024
ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလား အသက် (၂၅) နှစ်အောက် အမျိုးသား/ အမျိုးသမီး၊ အသက် (၁၈) နှစ်အောက် အမျိုးသားဘောလီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က ရွှေတောင်မြို့နယ် အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မောက်မယ်မြို့နယ်အတွင်းရှိ ဆေးဆိုင်များ ကွင်းဆင်းစစ်ဆေး
Apr 30,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဆေးအရောင်းဆိုင်များ သတ်မှတ်စည်းမျဉ်စည်းကမ်းချက်များနှင့် ညီ/မညီ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ချက်များအတိုင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်း ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။