သရက်မြို့မရဲစခန်း၌ မီးဘေးကာကွယ်ရေးအသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး သရုပ်ပြသခြင်း ဆောင်ရွက်

သရက် မေ ၁၅

မကွေးတိုင်းဒေသကြီး သရက်မြို့မရဲစခန်း၌ မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်ရေးသရုပ်ပြပွဲ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံက်(၇)နာရီက မြို့မရဲစခန်း၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝေဖြိုးအောင်က မီးဘေးအန္တရာယ်ကြိုတင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပေးပြီး မီးငြှိမ်းသတ်ရေးပစ္စည်းများနှင့်  မီးငြှိမ်းသတ်မှုအား မြို့မရဲတပ်ဖွဲ့ဝင်မျာကို ပြသဆောင်ရွက်ပေးခဲ့ကာ မြို့မစခန်းမှ တပ်ဖွဲ့ဝင်များက ကိုယ်တိုင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)