တောင်ဥက္ကလာပမြို့နယ် Community Centre ခန်းမ၌ ကွန်ပျူတာ(အခြေခံ)သင်တန်း ဖွင့်လှစ်သင်ကြား
May 06,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမ၌ နွေရာသီကျောင်းပိတ်ရက် ကလေးများ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ နည်းပညာများပိုမိုတတ်မြောက်စေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀း၀၀ နာရီအချိန်က ကွန်ပျူတာ(အခြေခံ)သင်တန်း ဆက်လက်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။