ပင်းတယ မေ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၌ ရင်ကွဲသရက်သီးပင်များ စိုက်ပျိုးသူများလာပြီ အောင်မြင်ဖြစ်ထွန်းနေကြောင်း သိရသည်။
အဆိုပါ ရင်ကွဲသရက်သီးအမျိုးအစားမှာ အကိုင်းဆက်ပင်များဖြစ်ပါက စိုက်ပျိုးသည့် အချိန်မှ ၄ နှစ်အကြာတွင် အပင်မှ သရက်သီးများ စတင်ထွက်ရှိလာပြီဖြစ်ကြောင်း၊ နဂို မူလအတိုင်း စိုက်ပျိုးသည့် အပင်များဖြစ်ပါက ၅ နှစ်မှ ၆ နှစ်အချိန်ကျမှ အသီးများထွက်ရှိလာမည်ဖြစ်ကြောင်း၊ ယခင်နှစ်က သရက်သီးထည့်သည့် သေတ္တာတွင် စတားသီး၊ ဝမ်း၊ တူး၊ အကြီး၊ အလတ်နှင့် အငယ်ခွဲခြားပြီး အရွယ်အစားပေါ်မူတည်၍ ကျပ် (၆၅၀၀ဝိ/-)မှ ကျပ် (၇၀၀၀ဝိ/-)ထိ ရန်ကုန်ပွဲရုံသို့ တင်ပို့ရောင်းချခဲ့ကြောင်း၊ လွန်ခဲ့တဲ့ (၅)နှစ်ကတည်းက ရင်ကွဲသရက်ပင် (၈၀၀)ကျော်စိုက်ပျိုးထားပြီး အခြားသရက်အမျိုးအစားထက် ယခုရင်ကွဲသရက်သီးပင်က ရာသီဥတုဒဏ်ကို ပိုခံနိုင်၍ လက်ရှိ ရင်ကွဲသရက်သီးပင်အသစ်များကိုလည်း ပြန်လည်စိုက်ပျိုးထားသည်ဟု သရက်ခြံစိုက်ပျိုးသည့် တောင်သူတစ်ဦးထံမှ သိရသည်။
အောင်ကိုဦး