နောင်ချို မေ ၅ ရက်
၂၀၂၄ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျရောက်သည့်(၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်၁၀နာရီအချိန်တွင် နောင်ချိုမြို့နယ် မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နောင်ချိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစည်သူလင်းက မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိဦးအောင်ကျော်လင်းက မီးသတ်တပ်ဖွဲ့၏လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေး စွမ်းရည်ပြသခြင်းများဆောင်ရွက်ခဲ့ကြသည်။
ယနေ့အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြပြီး နံနက်၅နာရီအချိန်၌ ဆရာတော်၊ သံဃာတော်များအား အရုဏ်ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထွေးငယ်(ပြန်/ဆက်)