တောင်ဥက္ကလာပမြို့နယ် Community Centre ခန်းမ၌ ကွန်ပျူတာ(အခြေခံ)သင်တန်း ဖွင့်လှစ်သင်ကြား

တောင်ဥက္ကလာပ  မေ  ၆

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမ၌  နွေရာသီကျောင်းပိတ်ရက် ကလေးများ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ နည်းပညာများပိုမိုတတ်‌မြောက်စေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀း၀၀ နာရီအချိန်က ကွန်ပျူတာ(အခြေခံ)သင်တန်း ဆက်လက်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကွန်ပျူတာ(အခြေခံ)သင်တန်းတွင် သင်တန်းနည်းပြ ဆရာကိုကိုဇင်မှ Microsoft Word ၊ Excel ၊ Power Point ၊ ကွန်ပျူတာနှင့်ပတ်သက်သောအခြေခံပညာ ၊ AIနှင့် ပတ်သက်‌သော အခြေခံပညာအကြောင်းကို လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ ၂၈-၄-၂၀၂၄ ရက်နေ့မှ ၂-၆-၂၀၂၄ ရက်နေ့ထိ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း နံနက် ၁၀း၀၀ နာရီ မှ ၁၂း၀၀ နာရီအထိ (အခမဲ့)သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)