လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club ဖြင့် စာဖတ်ဝိုင်း ကျင်းပ

လှိုင်သာယာ ဧပြီ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club ၊ Woman Club နှင့် Youth Club တို့ ပူးပေါင်း၍ "ကြောင်တစ်ကောင်ရဲ့ဒိုင်ယာရီ" ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ဧပြီလ ၇ ရက်နေ့ နေ့လည် ၁ နာရီက ကျင်းပသည်။

စာဖတ်ဝိုင်းတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင် စာရေးဆရာမမေ (ရန်ကုန်) က ဉီးဆောင်၍ "ကြောင်တစ်ကောင်ရဲ့ဒိုင်ယာရီ" စာအုပ်ပါအကြောင်းအရာများကို ဖတ်ကြားဆွေးနွေးသည်။ ဆက်လက်၍ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော Book Club အသင်းဝင်များ၊ Woman Club အသင်းဝင်များနှင့် Youth Club အသင်းဝင်များက မိမိတို့၏ ထင်မြင်ယူဆချက်များအား အသီးသီးအပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

မျိုးဆက်သစ်လူငယ်များ စာပေဖတ်ရှုသည့် အလေ့အထများ ဖြစ်ထွန်းစေရန်၊ ပြန်လည်မျှဝေပေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် စာပေချစ်မြတ်နိုးသူများ အသင်း Book Club ၊ Woman Club နှင့် Youth Club အသင်းများဖြင့် စာဖတ်ဝိုင်းများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 ဦးမြင့်ဇော် (ပြန်/ဆက်)