ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကဗျာရေးသားနည်း (အခြေခံ) သင်တန်းဖွင့်လှစ်

ညောင်တုန်း ဧပြီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကဗျာရေးသားနည်း (အခြေခံ) သင်တန်းကို ယနေ့ နံနက်ပိုင်းက ဖွင့်လှစ်သင်ကြားခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်း ပိတ်ရက်များတွင် အသိပညာဗဟုသုတများတိုးပွား စေရန်နှင့် ကဗျာရေးသားနည်းအခြေခံကို သိရှိနားလည်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ ဦးစန်းမြင့်နှင့် သင်တန်းနည်းပြ ကဗျာဆရာ ဘသိန်းဇေမှ ကဗျာရေးသားရာတွင် အရေးကြီးသည့် အ‌ခြေခံအချက်များအား စာတွေ့လက်တွေ့သင်ကြားပို့ချရာ ကျောင်းသား/ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ သင်ယူခဲ့ကြသည်။

အဆိုပါ‌ ကဗျာရေးသားနည်း(အခြေခံ)သင်တန်းကို ဧပြီလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထက်ဝေဖြိုး(ပြန်/ဆက်)